Pages

ရခိုင်စာနန့်ပက်သက်လို့

Tuesday 4 December 2012

ရခိုင်ဘာသာစကားဧ့ ရ၊လ၊ယ၊ဝ ရို့ ဆက်နွယ်မှုနန့် စံရခိုင်စာပီလမ်း

ရခိုင်ဘာသာစကားဧ့ ရ၊လ၊ယ၊ဝ ရို့ ဆက်နွယ်မှုနန့် စံရခိုင်စာပီလမ်း

ရခိုင်စာပီအက္ခရာတိထဲမာ ရကောက်(ရ) ရေ အရေးပါဆုံး အက္ခရာဖြစ်တေလို့ ပြောကေ မှားဖို့မထင်ပါ။အကျွန်ရို့ဧ့ လူမျိုးဖြစ်တေ ‘ရခိုင်’ နန့် ယုံကြည်ကိုးကွယ်ရာဖြစ်တေ ‘ဘုရား’ ကို ရီးသားပြောဆိုရာမာ ရကောက် မပါကေ မပြီးရေပိုင် အကျွန်ရို့ဧ့ ယဉ်ကျေးမှုအသက်သွီးကြောဖြစ်တေ ရခိုင်စာပီကို ပြန်လည်ဖော်ထုတ်တေနီရာမာ ရကောက်(ရ) ရေ အရေးပါဆုံးအက္ခရာဖြစ်တေ။ ရခိုင်ဘာသာစကားတိပျောက်ကွယ်မလားအောင် ရကောက်(ရ) က ကျားကန်လို့ ပီးထားရေ။
ရခိုင်အက္ခရာစဉ် ဇာယားထဲမာ ယနန့်ရ ရေ တတက်ကပ်ပနာ ဟိနီကေလေ့ စကားပြောကတ်တေခါထိုးအထက်ထက်ကပင် ယသံ နန့် ရသံ ကို အလုံးကွဲအောင်ပြောကတ်တေ။ ယင်းရို့နန့် ဆက်စပ်နီရေ အပင့်၊အရစ်တိကိုလေ့ ပီပီပြင်ပြင်ပြောကတ်စွာကို တွိရရေ။ဒေသိယစကားတိကို လေ့လာကြည့်ကေရကောက်နန့် တခြားအက္ခရာတချို့အသံချင်းဆက်နွယ်မှုဟိရေပိုင် ယနန့် တခြားအက္ခရာတချို့အသံချင်းဆက်နွယ်မှုဟိကေလေ့ ရနန့်ယ ကား အသံချင်းဆက်နွယ်မှုကင်းစွာကို တွိရရေ။ ယင်းအတွက်နန့်လေ့ကျွန်သက်တမ်း နှစ်ပေါင်းနှစ်ရာကျော်ကြာလားသည့်တိုင် ရခိုင်စကားတိကို ထိန်းသိမ်းနိုင်စွာ ဖြစ်တေ။
ရခိုင်စာပီသုတေသီ ဆရာကြီးမောင်ဗသိန်းဧ့ သုတေသနပြုချက်အရ ရကောက်အသုံး(၇၈)မျိုးဟိစွာကို သိရရေ။ လူထုဆက်သွယ်ရေးစနစ်တိ ဒုံးသီးလောက်လျင်လာရေ ဧနိ့ခေ တ်မာ ဗမာစကားကို အယင်ထက်အပြောများလာကတ်ရရေအတွက်ကြောင်းတစ်ကြောင်း၊ ဗမာတေးခြင်း၊ဗမာဗွီဒီယို အစဟိရေဘာသာစကားနန့်သက်ဆိုင်ရေ ရုပ်သံပိုင်းဆိုင်ရာ လွှမ်းမိုးမှုများလာစွာကတစ်ကြောင်း ရသံတချို့ရေ ယသံအဖြစ်ဖောက်ပြန်အခြီယိုင်လာပါရေ။ ယင်းအခြီယိုင်လာရေ ရသံတိကို စာပီနန့်အနုပညာသမားရို့ကရသံနန့် ယသံ မတူအောင် အရေးတစိုက်တည့်မတ်ကျားကန်ပီးမှု အားနည်းရေအတွက် မျိုးဆက်သစ်ရခိုင်တိက ရခိုင်ရသံတချို့ဧ့ဖောက်ပြန်လာရေ ယသံကို ပင်မရခိုင်စကားသံအဖြစ် အထင်မှားလားခြင်းကို စိတ်ဆင်းရဲကြီးစွာမြင်တွိရပါရေ။ရခိုင်စာပီကို ချစ်မြတ်နိုးသူတိကရာ မထိန်းသိမ်းပါကေ ရှိ(အရှိဖက်)၊ရှီး(ရှီးခေတ်)၊ရင်(ငါးအိုးရင်)၊ ရှား(ထင်ရှား)၊ရှု(ကြည့်ရှု)၊ရှူး(မီးရှူး)၊ရွှီ(ရွှီတူပန်း)၊ရွှင်(ပျော်ရွှင်) အစဟိရေ ရခိုင်ရသံတိစွာ သင်ခါရ တရားအောက်မာ မကြာခင်ပျောက်လားနိုင်ရေ။ ရကောက်နန့် ဆက်နွယ်နီရေ ရရစ်သံတချို့လေ့သော့ ယပင့်သံဖက်ကို အခြီယိုင်လာပနာ တချို့ရသံတိကျခါ အသုံးးနည်းလာရေအတွက် ယှားပါးရခိုင်စကားတိဖြစ်လာပါလတ်တေ။တချို့ရခိုင်ရသံတိဆိုကေ ယသံဖက်ကို အခြီမယိုင်ဘဲနန့် လသံ(လဧ့အသံ)ဖက်ကို အခြီယိုင်လာစွာတွိရရေ။ဧအကြောင်းရင်းကို စီးစစ်ကြည့်ရေအခါမာလေ့ ဗမာစာပီနန့်ဘာသာစကားဧ့ ပရောဂတိရာဖြစ်နီပြန်ရေ။
စာပီအင်္ဂါရပ်တိနန့် ကိုက်ညီအောင် ဗမာစာပီမာ ရကောက်ကို ထည့်သွင်းပနာ ပြဌာန်းထားကေလေ့ နိ့စဉ်သုံးစွဲပြောဆိုကတ်တေ ဗမာစကားတိမာကား ရသံ(ရကောက်ဧ့အသံ)ကို အတွိရယှားရေ။ မသုံးမဖြစ်သုံးရရေ ပါဠိစကားတချို့လောက်ကိုရာ ရသံနန့်ဖတ်ပနာ ကျန်ရေ ရကောက်နန့်ပတ်သက်တေ အရီးအသားတိကို လသံ(လဧ့အသံ)နန့် ပြောကတ်စွာကို တွိရရေ။ပါဠိစကားက မွီးစပ်ယူထားရေ တိရိ စ္ဆာန် ကို တလိတ်ဆန် လို့ပြောကတ်ပနာ၊ ရေဒီယို၊ ကာရာအိုကေ အစဟိရေ အင်္ဂလိပ်ပါးကမွီးစပ်စကားတိကိုလေ့ လေဒီယို၊ ကာလာအိုကေ လို့ ပြောကတ်စွာတိ တွိရရေ။ ယင်းအတွက်နန့်လေ့ ဗမာတိကျွန်ပြုခံ အကျွန်ရို့ရခိုင်လူမျိုးတိမာ ဗမာတိပါးကမွီးစပ်ယူထားရေစကားဖြစ်တေ ‘လွတ်လပ်ရေး’ ကအစပြုပနာ ရခိုင်ရသံတိစွာ ဗမာတိက လသံဆိုကေ လသံ၊ဗမာတိက ယသံဆိုကေ ယသံ ဆိုပြီးကေ ဗမာဘာသာစကားနောက် တကောက်ကောက်လိုက်ပါနီစွာတွိရရေ။
ယင်းရကောက်အသုံးတိထဲက အပြောဖက်မာ မဆိုစလောက်ချေရာကျန်ပနာ အရီးဖက်ကို လုံးဝလိုက်မပါရေ ရသံတစ်ခုက ‘ရို့’ ဖြစ်တေ။ ‘ရို့’ ကို မင်းရို့၊ငါရို့၊အကျွန်ရို့ စသည်ဖြင့် သုံးကတ်တေပိုင် မဟုတ်လို့၊ဇာဖြစ်ရို့၊လားဖို့ရို့ ဆိုပနာ ပြောခကတ်စွာတိတွိရရေ။ ပလက်ဝနယ်နန့် စစ်တကောင်း တောင်တန်း ဒေသဖက်တိမာ ဒေ ရအသုံးကို အဂုထက်ထိတွိနီရသိ့ရေ။ ယေကေလေ့ ‘လို့’ ကို အသုံးများလာစွာကတစ်ကြောင်း၊ရို့နန့် လို့ ကွဲပြားစီချင်ရေ ဆင်ခြီဆင်လက်တိကတစ်ကြောင်း ယင်း ရသံစွာသင်္ခါရတရားကို မျက်မှောက်ပြုလားရစွာဖြစ်တေ။ တခြားရအသုံးတိဖြစ်တေ ရွှ(ရွှတိုက်) ၊ရွင့်(ရွင့်ပြာသတ်) ၊ရွှင့်(စပါးရွှင့်) ၊ရွတ်(ခွင့်ရွတ်)၊ ရွန်(ရွန်ဆွဲပွဲ)၊ ရွန်း(ကြိုးရွန်း)၊ ရွှဲ(ယိုင်းရွှဲ) အစဟိရေဝေါဟာရတိစွာ ရခိုင်တချို့ဧ့ပစ(ပါးစပ်)နန့် လက်ကမြင်းကတ်မှုကြောင့် လွှတိုက်၊ လွင့်ပြာသတ်၊ စပါးလွှင့်၊ခွင့်လွှတ်၊ လွန်ဆွဲပွဲ၊ ကြိုးလွန်း၊ ယိုင်းလွှဲ ဆိုပနာ ပြောင်းလဲလာပါရေ။ ယင်းပိုင် ရခိုင်ဘာသာစကားတိပြောင်းလဲလာစွာရေ ဖောက်ပြန်ရာကစစွာ ဖြစ်တေအတွက်နန့် စလို့ဖောက်ပြန်လောက်ကပင် ဆန့်ကျင်ပနာ ရခိုင်စာပီနန့် ဘာသာစကားကိုထိန်းသိမ်းကယ်တင်ကတ်ပါ။

ရသံတိရေ ထိန်းသိမ်းပြောဆိုခြင်းရေ ရခိုင်စာပီကို လက်တွိကျကျချစ်ခြင်းဖြစ်တေ။ ရသံကိုပြောဆိုရခက်တေအသံဖြစ် အကျွန်ယူဆမိပါရေ။ ဇာဖြစ်လို့လေးဆိုကေ ရခိုင်စာပီဖြစ်စဉ်တိထဲမာအသိအမှတ်ပြုမှုမဟိကေလေ့ ရှီးအထက်ထက်ကပင် ရသံတချို့ကို ဝသံ(ဝဧ့အသံ)နန့် ပြောကတ်စွာကိုတွိရရေ။ ရွာသား ကို ဝါသား၊ ရောစပ် ကို ဝေါစပ်၊ ရင်ခွင် ကို ဝင်ခွင်၊ ဆံတော်ရှင် ကို ဆံဒဝင်၊ ငါးသူရဲ ကို ငသဝဲ၊ ရီတွက် ကို ဝီတွက်၊ စာရီး ကို စာဝီး၊ရွှီတစ်ရွဲ ကို ရွှီတစ်ဝဲ၊ ရွံယှာ ကို ဝံယှာ၊ထရံတစ်ရွှား ကို ထရံတစ်ဝှါး၊ တိုးရွိ ကို တိုးဝိ ဆိုပြီးကေ ပြောဆိုမှုတိဟိရေပိုင် ပြော ကို ပေါ လို့ ပြောဆိုမှုတိရေ ဝတီလေးရပ်နီရာအနှံ့ မာဟိနီပါရေ။ ဆံတော်ရှင်၊ ငါးသူရဲနန့် စာရီး ဆိုရေ ဝေါဟာရတိရေ ဝသံအဖြစ်မပြောင်းလဲခင်မာ ဆံဒရွှင်၊ ငသရွဲ၊ စာရွီး ဆိုပြီးကေ ကြားမာ ရွ(ရကောက်ဝဆွဲ) သံ တဆင့်ပြောင်းလဲခကြောင်းတွိရရေ။ ဧစကားတိရေ မိရိုးဖလာ ရခိုင်စကားတိဖြစ်တေအတွက် အသိအမှတ်ပြုဖို့ လိုအပ်တေပိုင် အရီးဖက်မာကျခါ မူလအရီးအသားဖြစ်တေ ရသံနန့်ရာ ရီးသားသင့်ရေ။ယေမှလေ့ အကျွန်ရို့လားနီကတ်တေ ရခိုင်စာပီပန်းတိုင်ကို အလျင်ရောက်ပါလိမေ။
ရခိုင်ရသံတချို့ကို ဝသံနန့် ပြောဆိုကတ်တေပိုင် ရသံနန့် ပြောဆိုကတ်တေ ဝအရီးအသားတချို့လေ့ ဟိနီရေ။ ဝါးလုံး ကို ရလုံး၊ ဝါးပိုင်း ကို ရပိုင်း၊ ဝါးခြမ်း ကို (ရခြမ်း၊ ရှောက်ခွမ်း)၊ ဝဖြီး ကို ရဖြီး ကို ပြောဆိုကတ်စွာတိ တွိရရေ။ ဧဝေါဟာရတိမာ ဝဖြီး ကို ရဖြီး လို့ ပြောရေအတိုင်း ရီးကတ်စွာကလွဲလို့ တခြားဝေါဟာရတိစွာ အပြောသက်သက်နန့် အနီကျနီစွာတွိရရေ။ အမှန်က ရဖြီးဆိုစွာ ဂေါင်းဖြီးကတဆင့်စကားသံပြောင်းလဲလာစွာဖြစ်တေ။ဂေါင်းဖြီးကနီပမာ ဝဖြီး၊ ဝဖြီး က နီပနာ ရဖြီး ဖြစ်လာစွာရာ။ ရခိုင်စကားသံတိထဲမာ ဥ၊ဦးဂေါင်း၊နန့် ဂေါင်း နီရာတိမာ ဝ ကို ထည့်ပြောကတ်တေအတွက်ဂေါင်းဖြီးကနီ ဝဖြီး ဖြစ်လာစွာဖြစ်တေ။ ရခိုင်စကားတိထဲမာ ဥတင်း ကို ဝတင်း၊ ဦးပုသ် ကို ဝပုတ်၊ ဦးထုပ်(ဂေါင်းချုပ်) ကိုဝထုပ်၊ ဦးရာဇ် ကို ဝရာဇ် လို့ အစဉ်မလာ ပြောကတ်စွာတိကို ကြည့်ကေ သိနိုင်ပါရေ။
ရခိုင်စကားသံတိရေ ရသံ ကနီပနာ ယသံနန့် လသံ ဖက်ကို ဖောက်ပြန်ခြင်းနန့် ရသံ နန့် ဝသံရို့အပြန်အလှန် ဆက်နွယ်ပြောဆိုခြင်းတိ ဟိရေပိုင် လသံ(လဧ့အသံ)ကို ယသံ(ယှသံ၊ချသံ၊သျှသံ) နန့်ပြောဆိုကတ်စွာတိလေ့တွိရရေ။ အကျွန်ရို့ရခိုင်လူမျိုးတိရေ အလျား ကို အယား၊ အလျင် ကို အယင်၊လျော့ ကို ယော့၊ လျက်ဆား ကို ယက်ဆား၊ အလျင်း ကို အယှင်း(အချင်း)၊ လျှံ ကို ယှံ(ချံ) ၊ လျောက် ကို ယှောက်(ချောက်)၊ လျှပ် ကို ယှပ်(ချက်) ဆိုပနာ အစဉ်အလာပြောကတ်စွာတိ ဟိပါရေ။
ခေတ်ရီစီးကြောင်းတိ ပြောင်းလဲလာရေပိုင် ဘာသာစကားတိလေ့ ပြောင်းလဲတတ်စွာကားအမှန်ပင် ဖြစ်တေ။ ကောင်းမွန်သော ပြောင်းလဲမှုတိ(သို့မဟုတ်) ပရောဂမပါရေ ပြောင်းလဲမှုတိကို ကြိုဆိုသင့်ရေပိုင် တခြားဘာသာစကားတစ်ခုဧ့ပရောဂကြောင့်ဖောက်ပြန်လာရေဘာသာစကားတိကိုရခိုင်စာပီလောကသား အားလုံး ဝိုင်းဝန်းဆန့်ကျင်ကတ်ဖို့လိုပါရေ။ ယေမှလေ့ ရခိုင်စာပီကို ချစ်မြတ်နိုးရာရောက်ပနာ အကျွန်ရို့ ချစ်တေ ရခိုင်စာပီလေ့သော့ အဆင့်အတန်းမွီလာပါလိမေ။
ခိုင်မင်းဇံ(ရခိုင်ပြည်)

Wednesday 3 October 2012

ရခိုင်တဆယ့်နှစ်လမိုး

ရခိုင်တဆယ့်နှစ်လမိုး

(၁) တာကူးဂီမှာန်၊ လီရူးပြန် သင်္ကြန်ရွာရိုး၊ လက်ဆီးမိုး။
(၂) ကဆုန်ပူပုံ၊ ဆွိဆွိခုန်၊ အဟုန်မပြင်း၊ မိုးသံသွင်း။
(၃) နံယုန်လမှာ၊ မိုးကရွာ၊ လယ်ယာထွန်ယက်၊ ကျွဲနွားဖက်။
(၄) ၀ါဆိုပုန်းညက်၊ မိုးလီသက်၊ တဲပျက်ဖောင်ကျိုး၊ ချောင်းရီတိုး။
(၅) ၀ါခေါင်ကောက်ပင်၊ အားသစ်ဝင်၊ ကောင်းခင်ညိုမဲ၊ မိုးကသဲ။
(၆) တော်သလင်းနီ၊ ပုဇွန်သီ၊ မိုးလီနှောင့်ယှက်၊ ကိုင်းထွန်ပျက်။
(၇) ၀ါကျွတ်ခါမှီ၊ မိုးမအီ၊ ရာသီကောင်းလျှက်၊ မီးထွန်းပျက်၊
(၈) တန်းဆောင်ဘုန်းလ၊ မိုးနှောင်းစ၊ မိုးကဆုတ်ရွာ၊ ဆောင်းကလာ။
(၉) နတ်တော်ဆောင်းပန်း၊ မြောက်လီဖြန်း၊ အချမ်းမလုံ၊ မိုးစက်ကုန်။
(၁၀) ပြာသိုကာလ၊ နှင်းမြုံကျ၊ မိုးကမပေါ်၊ ဆောင်းကဆော်။
(၁၁) တပိုးထွဲတွင်၊ ဆီးနှင်းရွှင်၊ တောင်ခွင်တလျှောက်၊ နှင်းမိုးပေါက်။
(၁၂) ပုဏ္ဏားနွားရောင်း၊ လတပေါင်း ရွက်ဟောင်းမြီခ၊ မိုးတိမ်ထ၊
တဆယ့်နှစ်လရာသီ၊ ဝေသာလီမှာ၊ စုံညီပွင့်လန်း၊ ဖီးမသန်းလေ၊ ဖီးမသန်း။
မူရင်းလိပ်စာ. http://thahlaoo.blogspot.sg/2008/07/blog-post_8313.html

Monday 24 September 2012

ရွီးတော့အမှန် ဖတ်တော့အသံ ရခိုင်စာ


ရခိုင်စာလုံးတချို့ ရီးကေအမှန်၊ဖတ်ကေအသံ မှားခြင်း
က
က      - အကပညာ၊မင်းနန့်ငါက
ကာ     - အကာ၊မဟုတ်ကာ၊လာနီရေကာ
ကား    - ပေါင်းကားထား၊ညဇာဖက်တယောက်တည်းမလားကေ့ကား။
ကု      -ဆီးကုမရ၊ဆကုမရ၊
ကူ      -ဗမေတိအကူအညီမလိုဝေ၊အေအချေအိမ်ကူယာကူရနီဗျာယ်အဂု။
ကေ     -မဟုတ်ကေကာယကေ၊ အားကေပါလတ်။
ကဲ့     - မလုပ်ကဲ့ဖိ၊မသတ်ပါကဲ့
ကွယ်  - ရှိကကွယ်မနီကဲ့၊ ကိုးကွယ်ရေဘာသာ။
ကော   -ကောလဟာလရာဝေ၊ လကောသန်နီစွာအေသူ ငါမယုံ။
ကော့   -ဒေကား(ဂါရီ=မြို့သားအခေါ်)ကဖင်ချေကော့နီရေထော၊မကော့တကော့ချေ။
ကော်   -ကော်ကပ်လိုက်တစိတ်(တံဆိပ်=ဗမေအခေါ်)၊ထမင်းစိ(ထမစိ=လီသံ)တကော်ချကော်လိုက်ချ။
ကံ      -ဒေသူကံကောင်းရေ၊သီကံမပါသိလို့ရာဒေ။
ကို      -အကိုသယ်(သည်)ကိုမကြိုက်။မင်းကိုအားမရဝေးငါ။
ကတ်   - လုပ်ကတ်ဖိ၊ အရာလဲ့ပြောနီကတ်ထော။
ကောက်          - ဖဲသာကောက်ဖို့လားရေ၊ကောင်းကောက်စွာလေ့မဟုတ်ဝေ၊မကောက်တကောက်ရာ။
ကင်     -ငါးကင်ပြီးဗျာယ်လာ၊ကင်ပြီးကေဘာဘာအတွက်ငါးကင်တကောင်ယူခ။
ကောင် -ဒေအကောင်ပိုကြီးပိုင်တွိရေ၊တကောင်ဝယ်ဖို့စွာကိုယင်းလောက်(ယေလောက်…)ရွီး(၀ီး)လီဖိ။
ကောင်း - စားလို့ကောင်းရေထော၊ ကောာင်းကောင်းကောင်းရေကာ။
ကိုင်     -ဆဆီ(…..)ကိုင်ရေဆိုကာ၊ငပိတကိုင်(ဂိုင်=×)လှောင်ထားရေလတ်။
ကိုင်း    -၀ါကြီးခါးကိုင်းနီဗျာယ်အရာလေ့ခါးကကိုင်း(ကိုင်းကိုင်း)နန့်လို့ပြောကေမကြိုက်ထော။
ကန်     -ဒေကန်တကန်ဒေဝေကလား(ကုလားလို့တခန်းတနားမခေါ်ချင်လို့ပါ)တိအဆိပ်ခပ်(ထည့်)ပခလို့…။
ကန့်     -ကန့်လီကန့်လန့်မထားကေ့၊ကိုယ့်အကန့်နန့်ကိုယ်တကန့်စီထား။
ကန်း    -မျက်ကန်းလားမင်း၊လကန်းသား။
ကိန်း    -ဗေဒင်ကိန်းခန်းအရဆိုကေလောင်ဘော်ပေါက်ကိန်းမြင်ရေဒေ။
ကုန်     - ကုန်ခဗျာယ်၊ဇကုန်ပြီးလီ။
ကုန်း    -ခါးကုန်း၊ဇာရှာလေတကုန်းကုန်းနန့်။
ကပ်     -ကောင်းမကပ်ကေ့၊မကပ်တကပ်ချေထိုင်စွာရာဝေ။
ကုပ်     -ကုပ်လို့ချေပျင်မနီကေ့၊တကုပ်ကုပ်နန့်ကြောင်ချေပိုင်လို့ပြောကတ်ဖို့သိ။
ကမ်     -မကမ်(ကန်=ကမ်)ပါရေ၊မကမ်တကမ်တော့မထေ့(ထည့်)ကေ့။
ကုံး      -ပန်းကုံးနီစွာ၊ဟုတ်လာငါ့ကိုတကုံးပီးပလာ(ဗလင်=မြို့သံ)။
ကျား    -သနပ်ခါးကျားကျားနန့်။
ကျိ      -ကျိကျိတက်လို့ထော။
ကျီ      -ကျီအောင်လုပ်၊မကျီတကျီနန့်မထားခကေ့။
ကျော်   -ငါ့ဂေါင်းထက်ကမကျော်ကေ့၊ရပ်ကျော်ရွာကျော်တောင်ကျော်
ကျို့      -ဒေကောင်ချေရိုရိုကျို့ကျို့ချေထော။
ကျက်   -ခရမ်းသီးကိုမကျက်တကျက်ချက်ကေမကောင်း။
ကျစ်    -လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားရေထော။
ကျဉ်း   -ဒေလမ်းကကျဉ်းကျဉ်းချေရာ။
ကျိတ်   -အိမ်ချေတလုံးကျိတ်ကျိတ်ချေနန့်နီဖို့ကောင်းရေထော။
ကျမ်း   -မကျမ်းတကျမ်းလို့မပြောကေ့ဖောက်ဆတ်ချင့်(ဟင့်)။
ကြုံ့      -ကြုံ့လို့ဝင်ဝေ၊မကြုံ့တကြုံ့လုပ်လို့ဇာပိုင်ကန်ဖို့လဲ။
ကျယ်   -တရားထိုင်နီသည်။စကားကျယ်ကျယ်မပြောရ။
ကြ      -(အားလုံးကိုဗျာယ်ကြောင်းကြားလီဖိ)ငါ့ကိုမကြောင့်ကြကေ့။
ကြား    -ကြားအောင်ပြောဝေး၊မကြားကြားပျင်မနီကေ့။
ကြီး     - ကောင်းပင်ကြီးရေကာ၊အကြီးမသန်။
ကြိုး     -ညကမိုးကြိုးရေ၊မိုးကြိုးလေ့ပစ်တေ။
ကွေ့     -ဒေလမ်းအတိုင်းကွေ့ကွေ့ချေလိုက်လီရောက်လိမယ်။
စ        - လုပ်စရာ၊ပြောရာမဟိ၊စားရာမနားယေ။
စိ        ခြီစိထိုင်၊ချရေ(သျှရေ)စိ
စာ      - စာအပြည့်မရီးကေ့၊တကြောင်းစာလောက်ချန်ထားဝေ။
စား      - ထမင်းစား၊စဉ်းစား၊ဒေကောင်ဘ၀ကောင်းစားလားဗျာယ်။
စီး     -လှီစီးချင်ရေ၊လောင်းတစီး
စု        -ဖဲသာစု၊အ၀တ်ဆိုကေအ၀တ်တစုစုထား။
စူ        -ချက်စူစူနန့်ဖြစ်လို့ချက်စူလို့ခေါ်ရေမနန်းယေ။
စော     -စောသိမ့်ရေ၊စောစောစီးစီး။(အသံထွက်- စဇောစစီး)
စင်      -စင်ကေစင်အောင်ဆီး၊မစင်တစင်တော့မလုပ်ပစ်ခကေ့။
စောင်း  -ခါးအစောင်းနန့်၊အေဘုတ်ကဘဲစောင်းထော၊မျက်စိစောင်း၊မျက်စိလစောင်းရာဝေ။
စန့်      -လားဗျာယ်ဝေ။စန့်စန့်သီဗျာယ်။
စပ်      -ငရုတ်သီးစပ်စပ်ချေနန့်ကောင်းရေဝေး။
စမ်      -ကြည့်မယ်စမ်ချ။(ကြည့်မယ်ဇမ်ချလား)
တ      -ဖျားမှအမိကိုတရေ၊မရနိုင်စွာကိုတမ်းမနီကေ့။
တာ     -အေတာကိုမကျော်ကေ့၊မင်းတာလားလီဟန်ဝေ။
တူ      -တူတူစားကတ်ဖို့။
တော   - မြက်တော၊ကျွန်းတော၊နပျိုးတော
တော်   - ကောင်းတော်ရေကာ၊အေသူချေလေ့လတော်ချေထော၊အောင်လံတော်
တံ      -ဒေသရက်ပင်မှာသရက်တံတတံရာဟိရေ။
တို      -တိုကေတိုရေရှည်ကေရှည်ရေအရာမတိုတတိုလို့မလုပ်ကေ့။
တိုး      -ယင်းသူငါ့နားကိုကပ်ပနာတိုးတိုးချေပြောစွာဇာလေသိလာ။
တတ်   -အရာမတတ်တတတ်နန့်ကိုယ့်ကိုကိုယ်ဆရာထင်နီသိရေ။
တောက်          -မီးတောက်နီရေမီးဖို(မဖို)ကမီးတောက်ချေကိုကြည့်လို့အားမရ။
တောင် - တောတောင်၊ကျောက်တော်တောင်၊ယင်းချင့်တောင်နားမလည်။
တောင်း  - တောင်းဆိုး၊မျောက်တောင်း၊နွားတောင်း
တိုင်     - ကျောက်တိုင်၊ကျောင်းတိုင်
တိုင်း    - ခြီရာတိုင်းစွာကြည့်၊လူကြည့်ကေတိုင်းတိုင်းချေနန့်။
တုတ်   -ရီတတုတ်သောက်မယ်ချ။တုတ်ချေထောက်လို့လာစွာဝါကြီးတလုံးကမီးရေ။
တန်း    -အတန်း၊ငါးတန်း။
တိန်း    -တိန်းနီဝေး၊ထိုသူရို့တိန်းတိန်း(တတိန်း)ချေဇာလုပ်နီကတ်လေမသိ။
တုန်     -တုန်တုန်နန့်ကြည့်ချ။
တုန်း    -လားနီတုန်းယင်၊ယင်းသူဘွင်းခနိန်းပေါ်နီစွာ။
ပ        -လပနီစွာကြည့်စမ်ချဝေ။
ပါ       -မင်းပါပါဝေ။ ဟုတ်ပါရေ၊ရှိခိုးပါရေ။
ပါး       -မဲကျီသနပ်ခါးပါးပါးချေနှိမ်းလို့ဇာလောက်လှလေကြည့်ချစမ်။ အပါးချေ၊ငါ့ပါးကို။
ပု        -အရပ်ပုပုချေမဟုတ်ယင်းသူ။
ပူ        - စိတ်ပူရေ၊ပူပူဆာဆာ၊ရီပူ၊ထမင်းရည်ပူ။(အသံထွက်- ပဘူဆဆာ)
ပေ      -ကျုတ်တိပေနီစွာကြည့်၊ဒေကလေကောင်းပေပေယွေယွေကား။
ပေါ      -ပေါလိုက်လိုက်တေ။လပေါ
ပေါ့      -ပေါ့ပေါ့ချေကိုရွီးစွာကြည့်။
ပေါ်     -မပေါ်တပေါ်ဝေဒေသူဝတ်ထားစွာက။
ပေါက်  -အပေါက်ဖောက်ဖို့ခိုင်းစွာကဇစိချေလောက်ရာခိုင်းစွာ၊ဖောက်ပစ်စွာကအပေါက်ကြီးတပေါက်
ပေါင်း   - ဖဲသာပေါင်းထား၊အပေါင်းပေါင်း၊ကောက်ညှင်းပေါင်း။
ပိုင်း     -တပိုင်းရာပိုင်းဆိုကေ။
ပုံး       -ရီတပုံးချခပ်လိုက်ချ။ယင်းပုံးနန့်။
ပင်      - အပင်၊ နပျိုးပင်၊ဇာပိုင်ပင်ပြောပြော။
ပွင့်      - ပန်းပွင့်နီရေ၊ပန်းပွင့်၊သျှရေပွင့်
ပြီး       - လုပ်ပြီးဗျာယ်လာ၊ပြီးမနီကဲ့၊စားပြီးဗျာယ်။
ပုံ        - ပုံတူ၊ဆန်တိပုံထားထော၊တယောက်ပုံစီရာဖို့ ဟင်းပုံ ငါးပုံ။        
အဂုပိုင်စာလုံးပေါင်းပြောင်းနီရေ စွာမှာ (၂)မျိုးတွိရပါသည်။ (၁)အက္ခမပြောင်းဘဲနန့် သတ်ပုံပြောင်းရေအသံထွက်၊(၂)အက္ခရာပြောင်းရေ အသံထွက် ဖြစ်ပါရေ။ ၁.( -ီ) သံ ကို  ( -ိန် ) သံပြောင်းစွာဖြစ်ပါရေ။ (င၊ည၊န၊မ) နောက်တန်းစာလုံးတိမှာ
ညီ- လက်ရွီးချေတိညီနီရေထော။ (ညိန်) လို့လည်း အသံထွက်ပါ။  - နီ-  (နိန်) သံထွက်နီရေစာလုံးတိဟိပါရေ။ -လားနီလာနီ (နိန်)သံထွက်နီပါရေ။ မီး- အမီးအဖြေ၊ (မိန်း) သံထွက်နီပါရေ။
၂. (က၊စ၊တ၊ပ) ရှိတန်းစာလုံးများသည် တတိယအဆင့် စာလုံးနန့် စတုတ္တအဆင့် စာလုံးများ၏
လီသံကိုလိုက်ပါပြောင်းလဲနီသည်ကိုတွိရပါသည်။ဝိဘတ်တိမှာအများအားဖြင့်တွိရပါသည်။(ယင်းပိုင်ပြောင်းနီသောစာလုံးများကို ဖတ်ရလွယ်အောင် Bold တင်ထားပါသည်။)ယင်းကြောင့်နန့် ရခိုင်မှာ ရီးကေအမှန် ဖတ်ကေအသံ ကို မမှန်ဆိုသောကို ငြင်းပါသည်။
အကိုသာလှဦးပါးက မှတ်ချက်တစ်ခုရလာပါရေ။ >
အခု ဥပမာတိရေ ရှိက ပါလာရေ သရ နှင့် အသတ်ကို လိုက်ပြီး အသံပြောင်းတတ်တေ။ဥပမာ။ ။ (စောင်း) မျက်စိလစောင်း။ မျက်စိလဇောင်း (အသံထွက်)ရှိက ပါလာရေ သရကို လိုက်ပြီးကေ (ဇောင်း) လို့ အသံပြောင်းထွက်တေ။သို့သော် (စောင်းကြိုး) ကို (ဇောင်းကြိုး) လို့ အသံမထွက်။ ရှိက အသတ်လည်းမပါ။ သရလည်းမပါရေအတွက်ဖြစ်တေ။ (Noun) တိမှာ အသံပြောင်းစွာ မတွိရပါ။ သို့သော်ဖရား ကို ဇာဖြစ် (ဘုရား) လို့ ရွီးရေလဲဆိုကေ အယင်ခေတ်ကလူတိက (ဘ) ကို (ဖ) သံထွက်ပြီးကေ (ဘ) ကို (ဖ) သံထွက်စွာကို တွိရရေ။
ရခိုင်စာပေါ်ပါစီ
 သာလှဦး၊နှောင်းအိမ်၊ဝိုင်းမော်၊မိုးစရီ







Saturday 1 September 2012

ရခိုင် ခုနှစ်ရက်တပါတ်

(ရခိုင် ခုနှစ်ရက်တပါတ်)

(၁) တလင်္ဂုနီ
(၂) တလင်္လာ
(၃) အင်္ဂါ
(၄) ဗုဒ္ဓူး
(၅) ကြသားပတီး
(၆) သောက်ကြာ
(၇) စနီ

ရခိုင်သားများမှာ မြန်မာစာကို ရခိုင်စာထင်ဗျာ ခုနှစ်ရက်သတ္တတပါတ်ကိုတောင် အမှန်မရွီးတတ်ဖြစ်လားပါသည်။ ဓည၀တီပြက္ခဒိန်မှာ ခုနှစ်ရက်တပါတ်ကို မြန်မာအတိုင်း ဤသည်မလွဲ ခိုးချထားသည်ကို တွိရပါသည်။ အယင်က ယင်းဓည၀တီပြက္ခဒိန်၌ မှားယွင်းနီသည့် နိရက်စာလုံးပေါင်းကို ပြန်ပျင်၍ ရက္ခပူရ၀ပ်ဆိုက်က ရခိုင်စာလုံးသတ်ပုံအမှန်ဖြင့် သုံးစွဲသည်ကိုမြင်ရသဖြင့် ၀မ်းမြောက်ပီတိဖြစ်ရပါသည်။ သို့သော် ရက္ခပူရ၀ပ်ဆိုက် (Hacked) အလုပ်ခံရပြီးနောက် နောက်ထပ် ဓည၀တီပြက္ခဒိန်ကို လွှင့်တင်နိုင်ခြင်းမဟိလိုက်ပါယာ။ အလွန်လက်ဝင်သောအလုပ်ဖြစ်ကြောင်းနားလည်ပါသည်။ ပီစောင်တွင် (သောက်ကြာ) ကို ရွီးရာတွင် (က္က) နှစ်ဆင့်ဖြင့်ရွီးသည်ကို တွိရပါသည်။ ပြီးလျှင် (ဗုဒ္ဓဟူး) ဟု မရွီးဘဲ (ဗုဒ္ဓူး) ဟု ရွီးသည်ကို တွိရပါသည်။ (ဓ) ကို အသံထွက်လျှင် (ဓဟ) ဟု အသံထွက်သည်ကို အိန္ဒိယနှင့် ဘင်္ဂလားကို ရောက်ဖူး၍ (ချောရီအော ချောရီအာ) သင်ဖူးသူတိုင်းသိပါသည်။ ထို့ကြောင့် (ဓူး) ကို (ဓဟူး) ဟူ၍ တကူးတက ရွီးနီစရာမလိုပါ။ ထို့ကြောင့် ရခိုင်အခေါ် (ဗုဒ္ဓူး) မှာ အမှန်ဖြစ်ပါသည်။ ထို့ကြောင့် ပီစောင်တွင်လည်း (ဗုဒ္ဓူး) ဟု ရွီးသည်ကို တွိရပါသည်။ ထိုပီစောင်မှာ ဗုဒ္ဓ၀င်အကြောင်းကို ရွီးထားသော ပီစောင်ဖြစ်ပါသည်။ ထရိပူရကရသော ပီစောင်ဖြစ်ပါသည်။ ရခိုင်ပြည်မကျခင် (၃၈) နှစ်အယင်က ရွီးထားသော ပီစောင်ဖြစ်ပါသည်။ အားလုံးအပြည့်အစုံမရပါရာ။ တအင်္ဂါ နှစ်အင်္ဂါလောက်ရ ရလိုက်ပါယာ။ ထိုပီစောင်မှာပင်လျှင် (တလင်္လာ။ တလင်္ဂုနီ) ဟု ရွီးသည်ကို တွိရပါသည်။ (နီ) တွင် (၀ဆွဲ) မပါပါ။ အကျွန်ုပ်ရို့လူငယ်များမှာ မြန်မာစာလွှမ်းမိုးခြင်းခံရသဖြင့် အခုအခါ (တနင်္ဂနီ။ တနင်္လာ) စသည်ဖြင့် မြန်မာ (န) ကို ယူငင်သုံးစွဲလျှက်ဟိကတ်ပါသည်။ အမှန်မှာ (တလင်္ဂုနီ။ တလင်္လာ) ရာ အမှန်ဖြစ်ပါသည်။ ဤသည်ကို အမှုမဲ့အမှတ်မဲ့ မနီဘဲ ဟုတ်မဟုတ်ကို ပြည်တွင်းပြည်ပဟိ ပီစောင်များနှင့် ညှိနှိုင်းပါ။ လူကြီးသူမများမှာ အေနိထက်ထိ (တလင်္ဂုနီ။ တလင်္လာ) စသည်ဖြင့် ပြောဆိုလျှက်ဟိပါသည်။ (တန်းဆောင်ဘုန်းလ) ကိုလည်း (တန်းဆောင်ဘုန်း) လို့ရာ ရခိုင်ကခေါ်ပါသည်။ (တန်းဆောင်မုန်း) ဟု ရခိုင်ကမခေါ်ပါ။ ခိုင်ကျော်လင်း၏ (ကွမ်းတောင်ကိုင်) သီခြင်းတွင် (တန်းဆောင်မုန်း) ဟု သုံးထားသည်ကို တွိရပါသည်။ ဤသည်ကို အပြစ်မဆိုပါ။ ရခိုင်လူငယ်များမှာ ရခိုင်စာသင်ကြားခွင့်မရဘဲ မျက်စိပိတ်။ နားပိတ်ခံရခြင်းကြောင့် ထို့သို့ဖြစ်ရခြင်းဖြစ်ပါသည်။ ဤသည်ကို လွတ်မြောက်နီမြီရောက် ရခိုင်သားများက မြန်မာအတိုင်း မှင်ယောက်လိုက် ရွီးနီကတ်သည်မှာ ကကောင်း ရွံဖို့အံဖို့ ကောင်းပါသည်။ ထို့ကြောင်း ရခိုင်သားများ လွတ်လပ်ရေးမရနိုင်ခြင်းဖြစ်ပါသည်။ လွတ်လပ်ရေးဆိုသည်မှာ ထိုက်တန်မှရာ ရသည်မဟုတ်ပါလား။ မထိုက်တန်ဘဲ အစွာက လွတ်လပ်ရေးရပါဖို့။ အခုအခါ ဘင်္ဂလားဒေခ်ျ့၌ ရခိုင်ဘုန်းတော်ကြီးများစုပေါင်းလျှက် ရခိုင်စာသင်ပီးရန် နှိုးဆော်လျှက်ဟိပါသည်။ ရခိုင်စာသင်ပီးမည်ဆိုသည့် ပုဂ္ဂိုလ်များ၏နှိုးဆော်စာကို ရခိုင်ပိုင်မရွီးတတ်ဘဲ။ မြန်မာအတိုင်းရွီးထားသည်ကို တွိရပါသည်။ ဤသည်ကို အကျွန်ုပ်က ရခိုင်ဘာသာပြန်၍ ပြန်ပို့ပီးလိုက်ပါသည်။ လက်ခံလား မခံလားမသိပါ။ ပြန်စာမလာပါ။ နာကျက်ကို ထိလားပုံရပါသည်။ ဥပမာ (နိ) ကို (နေ့) (လား) ကို (သွား) (ပီး) ကို (ပေး) ဟု မြန်မာပိုင်ရွီးထားသည်ကို တွိရပါသည်။ သို့ပါသောကြောင့် ရခိုင်စာသင်ပီးမည့်ပုဂ္ဂိုလ်များမှာ အချေသူငယ်များကို အမွီဆိုးများမပီးခင် မိမိရို့အယင် ရခိုင်စာသင်ကြားဖို့လိုပါလိမ့်မည်။ အခုအခါ ဘင်္ဂလား၌ အချေသူငယ်များအတွက် သူငယ်တန်းစာအုပ်ပုံနှိပ်ရန်ကြိုးစားလျှက်ဟိကြောင်းသိရပါသည်။ ထိုစာအုပ်ပုံမနှိပ်ခင် (ရခိုင်ခုနှစ်ရက်တပါတ်ကို) ရခိုင်အတိုင်းအမှန်ဖြစ်လာစီရန် စေတနာဖြင့် ဤဆောင်းပါးငယ်ကို အချိန်မှီရွီးသားရခြင်းဖြစ်ပါသည်။ အကျွန်ုပ်၏သုတေသနပြုချက် လုံးဝပြည်စုံဗျာဟု မယူဆပါ။ ပညာဟိများ ပညာသျှင်များ နမော်နမဲ့မနီကတ်ဘဲ ရခိုင်မူအမှန်ဖြစ်လာစီရန် ညှိနှိုင်းဆင်ခြင်ပါရန် စေတနာဖြင့် နှိုးဆော်လိုက်ရပါသည်။
http://www.arakanmusic.com/UNI/message.asp?id3=777

ကျွန်တစ်ယောက်၏ ဖရိုးဖရာမုန်းစာခံသော အရောင်

ကျွန်တစ်ယောက်၏ ဖရိုးဖရာမုန်းစာခံသော အရောင်
..................................
အကျွန့်ကို အိမ်ကအရူးလို့ခေါ်ပြီးကေ တစ်ခါတစ်ရီမှာ စိတ်တပေါက်လို့ခေါ်နီစွာတိမှာ
အကျွန့်ကိုမုန်းစွာမဟုတ်ဘဲနန့်ချစ်လို့ရာ ခေါ်နီစွာကို သိနီရေတွက်နန့်
မုန်းစာခံဖို့ခံစားချက်တိငတ်မွတ်ဗျာယ် မုန်းစာခံခံစားချက်တိတဆတ်ဆတ်များလာရေခါ
လူမုန်းစာခံကေကောင်းဖို့ကာဂု စိတ်ကူးတစ်ခုကို စဉ်းစားမိရေအတွက် မုန်းစာခံအလုပ်တစ်ခုကို
အသည်းအသန်ရှာဖွီယင်းနန့် သတင်းစာ၊အိမ်၊ကားမှတ်တိုင်၊ဖဲသာအိတ်၊ခြီစွပ်၊ဂေါင်းအုံး၊
အိပ်ရာ၊သောက်ရီဖလား၊ဂေါင်းဖြီး၊သွားတိုက်ဆီး၊ဂျိမ်းဘောင်းဘီဖင်ကျပ်အိတ်
အစုံအစုံ စုံပါအောင်ရှာပစ်လိုက်လို့ လေးငါးခုလောက် မုန်းစာခံအလုပ်ဖြစ်တေဆိုစွာ တွိလိုက်ပြီးခါမှ
ရခိုင်စာပီနယ်ပယ်ထဲမှာ ရခိုင်စာပီကိုအတိုင်းထက်အလွန်နှစ်သက်မြတ်နိုးပြီးကေ
တိုးတက်ကောင်းမွန်စီချင်သော ရခိုင်စာရီးဆရာ၊ကဗျာဆရာ၊အွန်လိုင်းစာရီးဆရာတိနန့် များစွာ..
များစွာ.....ကို ကျွန်တော်အလေးထားလေးစားမှုကိုပြသချင်ရေတွက်နန့်
လူများစာပီကိုအသားပီးရွီးသားမှူကို ပက်ပက်စက်စက်ဝီဖန်မုန်းစာခံရေခါ
သူရို့တိက ဂလိုဘယ်(Global)၊ ယူနီယမ်(union) နန့်ကာကွယ်စွာတသျှင်တိကိုပေါတာဦးလို့ကျွန်တော်ကခေါ်ဆိုချင်ရေတွက်နန့်
ရခိုင်စာပီကို အသားပီးတိုးတက်အောင်
 ရွီးစပ်နီကတ်သော စာရွီးဆရာများ၏အရည်အချင်းမှာလည်း
ပရော်ဖက်ယှင်နယ် နယ်ပယ်ထဲမှာမဟိကြောင်းကိုလည်းငြင်းပယ်ပြချင်ရေ
အကြောင်းနန့် ပိုင်အိုးနီးယားလို့ပင် အမွန်းတင်ချင်ပါရေကို ပြောပြရေခါ ရခိုင်စာပီ၏ဝေါဟာရနည်းပါးလို့ရခိုင်စာနန့်ရွီးသားဖော်ပြရေခါ
ခံစားချက်ရေအောက်လားရေလတ်ဆိုဗျာယ်အေပိုင်လူများနယ်ပယ်ထဲဝင်ရောက်ရွီးသားရကြောင်း ပေါတာဦးရို့၏ ကာကွယ်မှူကို
အသည်းကိုဖောက်စားရေပိုင်ခံစားနီရသော မုန်းစာခံတစ်ယောက်ရင်ဘတ်က
တသျှင်ကြီးရို့ သိပြီးသားအတိုင်း ပဂျီ၊ပပု ရို့၏ အနုပညာကြားခံပစ္စည်းမှာ
(စာ၊စကား၊စကားလုံး) မဟုတ်တေတွက်နန့် ဆိုချင်စွာက
(စာ၊စကား၊စကားလုံး)ကို အနုပညာကြားခံပစ္စည်းအဖြစ်သုံးပြုရေအနုပညာသည်ရို့ကို
ယင်းအနုပညာရို့မှာ (ကဗျာဆရာ ဝတ္ထုဆရာ စာရီးဆရာ) ဖြစ်ကြောင်းလည်း အကျယ်အကျယ်မယှင်းချင်လို့
မုန်းစာခံပြီးကေပြောသည်ချင်စွာက
ယင်းတသျှင်ကြီးရို့ (Pop Culture) ပေါ်ပျူလာယဉ်ကျေးမှုနောက်ကိုလိုက်ပြီးကေ
တန်ဖိုး(ရခိုင်စာပီ၏အနုပညာတန်ဖိုး)ကို အလွဲသုံးစားလုပ်သောပေါတာဦးများကိုထပ်ပြောချင်သည်က
တသျှင်ကြီးရို့ ရွီးစပ်ဖန်တီးထားစွာထဲက လူများစာနန့် ဖန်တီးပြုလုပ်ပြထားသော
အနုပညာ အစပ်အထည်များကို
ရခိုင့်စာပီအနုပညာအဆင့်အတန်း ဝီဖန်ပိုင်းခြားရီးနန့် သုံးသပ်ချက်များ ဂေါင်းစဉ်မှာ
အားနာစွာနန့် ပါဝင်ထည့်သွင်းလားဖို့
မဟုတ်ကြောင်း ကိုပြောလိုပြီးလျှင် တသျှင်ကြီးရို့ မလိုအပ်သော၊အပေါစားခံစားမှုတောင်မပါသော၊ အနုပညာကင်းသော အထည်အစပ်ရို့ကို ဒေါင့်ထိုးထားရေ အမှိုက်ပုံးကိုထည့်ပိုင် ရခိုင်စာပီအနုပညာထဲကိုဝေးထည့်နီသော တသျှင်ကြီးရို့
အားနာဆင်ခြင်ဖို့ကိုလည်းကောင်း၊ယှောင်းကွင်းပီးဖို့ တောင်းပန်ချင်သည်ကလည်းကောင်း
ရခိုင်လူမျို6းသန်းကျော်၏ အားပီးဂုဏ်ယူနီမှုကို မပြည့်စုံဟုထင်မှတ်နီသော တသျှင်ကြီးရို့ကို သွီးရှင်စီး စီးကျလျက်ဟိသောရခိုင်စာပီ အနုပညာထဲကိုပြောင်းရွိနီထိုင်ပါရန်နန့်
တသျှင်ကြီးရို့ရဲစွတ်တေသွီးတိနန့်ရခိုင်စာပီအနုပညာကိုလက်တွဲလို့ခေါ်စီဖို့ကို
တောင်းပန်ပြောပြောသည်ကတစ်ကြောင်း၊အသျှင်ကြီးရို့၏မော်ကွန်းကို ရခိုင်စာပီ၊အနုပညာတွင် စိုက်ထူပီးကတ်ပါ တသျှင်ကြီးရို့။
မှတ်ချက်။ ။ ကျွန်တစ်ယောက်ဖရိုးဖရာမုန်းစာခံသော အရောင်မှာ စာပီလွတ်လပ်ရီးအရောင်။
Arakan Nightcrawler Ki

Tuesday 24 July 2012

သိန်ကန်မိန်တွင်ရတု (မူရင်း)

အပိုဒ် (၁)

သိန်ကန်မိန်တွင်၊ ဆယ့်နှစ်ခွင်ကို၊ လွန်ပင်မြင့်စည်၊ ကြာရှည်တာအကူး၊ တပေါင်းမင်လွင်၊ ရွက်ကျင်တောင်လီမြူးက၊ ပြစ်သွယ်နူးစီးသွယ်ဖြာ၊ မတတ်သာပြီ၊ မှိုင်းလို့ရီကေ၊ ကြည့်လီသမျှသာတည်း။ ပင်တိုင်းမှာညှာရွက်ကြွီ၊ လီပြင်းခတ်လိုက်၊ ပရစ်ဝီ၀ီနှင့်၊ ငှက်ရွှီမောင်နှံစုံ၊ လိုင်ချင်းတွဲယှက်၊ ပန်းနုခက်ကို၊ ယူလျက်နှုတ်ဝယ်မုံရယ့်၊ စာခွန့်တုံရွှင်နှစ်လို့၊ တထူးထွေလာ၊ ဘာသာလူလို၊ မကိုနှုတ်ဖြင့်တို့ရယ့်၊ ဧးယ်သို့ချစ်ဖွယ်ဆင်။ ရာသီခွင်ဆယ့်နှစ်လမ်း၊ ငြမ်းနှင့်အညီ၊ မိဂသီပင်၊ ရှိယ့်ကမြင်သော်၊ စက်ခွင်မှာယောင်ယမ်းခယ့်။ ထောက်လှမ်းမစာနာ၊ ပညာအထု၊ မြတ်သူ့ကြည့်မှန်၊ ကြာလီဟန်မူ၊ သူရတန်ရင်သွီး၊ ဒန်ရမာဇာလီ၊ ဒူရဘီနှင့်၊ ချစ်ညီတူခရီးကို၊ နောက်မီးမလျှောက်လို။ နီလဲ့နှစ်ဆင့်၊ နှစ်ပွင့်စုံညီ၊ မဒ္ဒီရှိယ့်အဟိုရို့၊ တောင်ကျွန်းညိုလောကဓါတ်၊ တိုင်းမိဇ္ဈိမာ၊ ယင်းကဖြာကေ၊ ရာဇာအမျိုးမြတ်အယ့်။ ဆက်မပြတ်သိမ်းယူပြန်၊ သာကီအဆက်၊ နွယ်မပျက်ကေ၊ ကနက်ဖြန့်ကာစံအယ့်။ သျှစ်တန်ပလ္လင်ရိုး၊ ဘိုးကဆက်ခံ၊ ဘနန်းစံကေ၊ နန်းရံကိုယ့်အမျိုးတည်း။ ကတိုးနံ့ဥဒဟို၊ သင်းပျံ့မွှီးကြိုင်၊ သျှစ်ရပ်လှိုင်ကေ၊ မဏ္ဍိုင်ချက်မြုပ်သိုထက်၊ ပြည်နဂိုရ်ဝေသာလီ၊ ဓညနှစ်ခန်း၊ နှစ်ပြည်လွှမ်းကေ၊ ထီးနန်းအစီရီတည်း။ မျိုးသာကီစိုင်မပျက်၊ နှစ်ပေါင်းရှည်ကြာ၊ မဟာနွယ်မျိုးတက်အယ့်။ မယှက်မနှောပြီ၊ သျှစ်သောင်းအချာ၊ ဆက်ကာစိုးစံ၊ နန်းရံမယ့်ဌာနီသို့၊ ရာသီခွင်မစွန်းခင်၊ အောင်စည်ရွှန်းလို့၊ စက်ပန်းဖြန့်စိယ်ချင်ရေ၊ နောက်ခွင်ကြာလွန်းစွတကားလည်။

အပိုဒ် (၂)

နောက်ခွင်ကြာလွန်း၊ ရာသီစွန်းလျှင်၊ ရစ်သန်းလှည့်ခါ၊ သျှစ်ဖြာအုံးလာကြိုး၊ အာကာတိမ်းညွတ်၊ ပြိုလတ်ဘိသွင်၊ မယ်လျှင်လက်စုံမိုးရယ့်၊ ကြောက်ရွံ့စိုးညှိုးမျက်နှာ၊ လက်ရွှီဖြန့်ထား၊ သိကြားကိုလျှောက်ထားပါအယ့်။ တောင်ညာမဟေရင်သွီး၊ နှစ်ပါးမောင်နှံစုံ၊ ဘုန်းရိပ်လှုံကေ၊ ပဒုံကြာနံ့မွှီးအယ့်။ ချစ်ကြွီးမတင်ခင်၊ ဆယ့်သုံးနှစ်ဝယ်၊ ငယ်ရွယ်စိုင်ကပင်တည့်။ ဘနတ်သျှင်လောင်းဘုရား၊ ခြားဝမ်းမကွာ၊ ရင်းချာမောင်မယ်နှစ်ပါးကို၊ ပီးမြားစုလျားတင်၊ လက်ထပ်ရီသွန်း၊ ဆယ့်နှစ်ခန်းမူ၊ ထူးဆန်းသဘင်ဆင်ရယ့်၊ ချစ်ကြိုးမျှင်သွယ်ရစ်ပတ်၊ န၀ရတ်စီ၊ သိင်ဂီအိမ်ရှိယ့်နတ်နှင့်၊ စိန်ခြယ်သတ်အလယ်တွင်၊ မောင်းမများမြောင်၊ တထောင်မက၊ စံကြတုံးကိုပင်တည့်။ သုံးနှစ်ရာသီမှာ၊ ကုလားနီပြန်၊ သူရတန်က၊ အားအန်ပြတုံလာရယ့်၊ ခွန်ဘဏ္ဍာဆက်မသွင်း၊ ဥပရာဇ်သျှင်၊ မယ့်ထိပ်တင်ကို၊ အလျှင်ချီစိယ်လျှင်းဟု၊ သောင်းတွင်းဇမ္ဗူပိုင်၊ အာဏာမိန့်မြတ်၊ ဘခင်နတ်က၊ အမတ်တထောင်၊ မြားမြောင်လက်နက်ကိုင်နှင့်၊ တောင်မဏ္ဍိုင်ပြိုမခန်း၊ ဆင်မြင်းစစ်ချီ၊ ပဲ့တင်ဝီကေ၊ ဧးယ်မြီသိမ့်သိမ့်ကျန်းမျှ၊ နန်းအိမ်ရှိသိခင်၊ နံတော်ကမူ၊ စတူရပါဒ်၊ နက္ခတ်အထွန်း၊ ကျီးကန်းတာရာ၊ ဟင်္သာအထွက်၊ စစ်ချီတက်လျှင်တည့်။ နောက်ခွင်မောက်သူဇာ၊ ခရိုင်တလွှား၊ အပိုင်စားကေ၊ စံကားသုံးကြိမ်ကြာခယ့်။ တောင်တာကိုချင့်တွက်ပြန်၊ မယ်ရို့စံမြန်း၊ ရွှီဘုံနန်းနှင့်၊ ဂဏန်းသင်္ချာ၊ ယူဇနာမူ၊ န၀ါဒသမှန်အယ့်။ အလျှင်အမြန်ပြန်စိယ်ကြောင်း၊ ဆုတောင်းဆုယူ၊ သိမ့်သိမ့်ဆူကေ၊ သျှင်လူများအပေါင်းတည့်။ နန်းလောင်းမယ့်သိခင်၊ အောင်ပန်းစိုက်ဆောင်၊ ဘုန်းခေါင်ပြန်စိယ်ချင်ရေ၊ လျှောက်တင်ခါပန်းစွတကားလည်း။

အပိုဒ် (၃)

လျောက်တင်ခါပန်း၊ ရာသီဆန်းလျှင်၊ နန်းမြင့်အောင်မြီ၊ ဆယ့်နှစ်လီရစ်သန်းမြူး၊ မောက်သူဇာကေ၊ ဒက္ကာဆိပ်ကမ်းဦးက၊ ကျေးဇူးဂုဏ်သျှစ်တန်၊ အမတ်လိမ္မာ၊ ထိုမြို့ရွာတွင်၊ အာဏာသုံးခယ့်ပြန်မှ၊ ပြောင်ဆဒ္ဒန်မာတင်ရိုး၊ ထွက်လျှင်မပြန်၊ မလှန်ရို့မင်းမျိုးတည့်။ ဆိုးကောင်းနှစ်ပါးတွင်၊ ရိပ်ခြည်အမျှင်၊ အသျှင်သိလျှင်းပင်တည့်။ ပညာသျှင်အုပ်ထိန်းမှ၊ မြို့ပြပြည်ရွာ၊ သာယာစည်ကားလှအယ့်။ မင်းယောက်ျားဓမ္မတာ၊ ပညာမဲ့ကွက်၊ ညာဏ်မစွက်သော်၊ ပြည်ထက်မထားရာတည့်။ ရှိယ့်ကျမ်းလာ ထုံးစာဟောင်း၊ ကျိုးကြောင်းသိပြန်၊ ဘွဲ့မွန်အမတ်ကောင်းကို၊ နောက်တကြောင်းကုလားရွာ၊ အပိုင်အပ်ပြီး၊ စစ်သူကြီးဟု၊ စောထီးထားခယ့်မှာအယ့်။ ဘရာဇာမိန့်တော်မြတ်၊ ဦးထိပ်ရွက်ပန်၊ နန်းရံအိမ်ရှိယ့်နတ်ကို၊ ရိုညွတ်လျှောက်ထားတင်၊ ရာသီပြောင်းရယ့်၊ မိုးနှောင်းဝါလ၊ ဆောင်းစအကူးတွင်နှိုက်၊ များဖျင်စစ်ဗိုလ်ခြီ၊ ထိုမြီတ၀က်၊ လက်နက်ထားခယ့်စိယ်ဟု၊ မြောက်လီဖြူးလာလျှင်၊ ဘရာဇာမိန့်မြတ်ထူး၊ ဦးထိပ်ပန်ရွက်ဆင်ရယ့်၊ ရှိယ့်လာလျှင်နောက်လည်းကောင်း၊ ရုံးပေါင်းရှုမျှော်၊ ညာဏ်တော်သာအကြောင်းတည့်။ မင်းလောင်းရာဇာ၊ ကြည်းရီတင်းကျန်း၊ မြစ်လမ်းနှစ်ဘက်မှာလည်း၊ နိယ့်မကြာအထပ်ထပ်၊ ရက်စပ်စိယ်ကျွန်၊ ရောက်လတ်ပြန်သော်၊ အမှန်မယုံလတ်ခယ့်။ နောက်ရပ်ပိုင်သိခင်၊ ဟေမန်အကူး၊ ရဲမှုးစစ်အောင်မြင်ရေ၊ ရောက်ထင်ကြာနန်းကတကားလည်။

သုဝဏ္ဏဒေ၀ီ (စောပြည့်ညို)

မူရင်းနီရာ - http://arakanmagazine.blogspot.sg/2009/04/blog-post_2438.html

Thursday 19 July 2012

ကြောင်းကျိုးပြ ကြိယာများ (ရခိုင်ဝေါဟာရအဘိဓါန်အတွက်)

ကြောင်းကျိုးပြ ကြိယာများ (ရခိုင်ဝေါဟာရအဘိဓါန်အတွက်)
--------------------------------------------------------------
ရခိုင်ဝေါဟာရအဘိဓါန်အတွက် ကြောင်းကျိုးပြကြိယာ စုစုပေါင်း (၇၇) လုံးအား စုဆောင်းဖော်ပြအပ်သည်။

(ခ)

(ခွာ) ကေ (ကွာ) ရေ။ (အကာ)
(ခွဲ) ကေ (ကွဲ) ရေ။ (အုန်းသီး)
(ခေါက်) ကေ (ကောက်) တေ။ (သံ)
(ချ) ကေ (ကျ) ရေ။ (ကျင်)
(ချုံ့) ကေ (ကျုံ) ရေ။ (အရီ)
(ချိုး) ကေ (ကျိုး) ရေ။ (သွား)
(ချက်) ကေ (ကျက်) တေ။ (ထမင်း) ***
(ချန်) ကေ (ကျန်) ရေ။ (ဟင်း)
(ချယ်) ကေ (ကျယ်) ရေ။ (ဇကာ)
(ချွတ်) ကေ (ကျွတ်) တေ။ (အရောင်)
(ချွန်) ကေ (ချွန်း) ရေ။ (မြှား) (မြှားကို (ချွန်း) အောင် (ချွန်) ပစ်လိုက်)
(ခြား) ကေ (ကြား) ရေ။ (၀ါး)
(ခြီ) ကေ (ကြီ) ရေ။ (အခဲ)
(ခြွီ) ကေ (ကြွီ) ရေ။ (အသီး)
(ခြဲ) ကေ (ကြဲ) ရေ။ (အစွယ်) (အစွယ်ကို (ခြဲ) ပြကေ (ကြဲ) နီယင့်။)
(ခြစ်) ကေ (ပြစ်) တေ။ (မှန်)
(ခြစ်) ကေ (ကြစ်) တေ။ (အကြောင်း)
(ခြင်း) ကေ (ကြင်း) ရေ။ (ငါးခြောက်)
(ခြောက်) ကေ (ကြောက်) တေ။ (တဆီ)

(ဆ)

(ဆုတ်) ကေ (စုတ်) တေ။ (စာရွက်) ***
(ဆန့်) ကေ (စန့်) ရေ။ (အခြီ) ***
(ဆွတ်) ကေ (စွတ်) တေ။ (ရီ) ***

(ဖ)

(ဖိ) ကေ (ပိ) ရေ။ (ပိဿာ)
(ဖဲ့) ကေ (ပဲ့) ရေ။ (အနား)
(ဖုံး) ကေ (ပုံး) ရေ။ (ဣနြေ္ဒ)
(ဖော့) ကေ (ပေါ့) ရေ။ (ကုလားကောင်)
(ဖော်) ကေ (ပေါ်) ရေ။ (လောင်း)
(ဖောက်) ကေ (ပေါက်) တေ။ (၀ါးပြောက်)
(ဖွ) ကေ (ပွ) ရေ။ (အညှက်) ***
(ဖွင့်) ကေ (ပွင့်) ရေ။ (တန်းခါး)
(ဖွတ်) ကေ (ပွတ်) တေ။ (၀ါးလုံး)
(ဖျက်) ကေ (ပျက်) တေ။ (လူ)
(ဖျောင်) ကေ (ပျောင်) ရေ။ (ဗူး) ^^^
(ဖျစ်) ကေ (ပျစ်) တေ။ (ကြမ်းပိုး)
(ဖျို) ကေ (ပျို) ရေ။ (သံ)
(ဖျော့) ကေ (ပျော့) ရေ။ (ဖယောင်း) (ဖယောင်း မီးနှင့်ဖျော့ ပျော့နီယင့်။)
(ဖျော်) ကေ (ပျော်) ရေ။ (သကြား)
(ဖျောက်) ကေ (ပျောက်) တေ။ (ကိုယ်ရောင်)
(ဖျောင်း) ကေ (ပျောင်း) ရေ။ (ကျမန်း)

(ဖြီ) ကေ (ပြီ) ရေ။ (ကြိုး)
(ဖြဲ) ကေ (ပြဲ) ရေ။ (အနာ)
(ဖြို) ကေ (ပြို) ရေ။ (တောင်)
(ဖြန့်) ကေ (ပြန့်) ရေ။ (အတောင်) ***
(ဖြုတ်) ကေ (ပြုတ်) တေ။ (ရာထူး)
(ဖြုန်း) ကေ (ပြုန်း) ရေ။ (အစိုင်)
(ဖြောင့်) ကေ (ပြောင့်) ရေ။ (ကြိမ်)
(ဖြည့်) ကေ (ပြည့်) ရေ။ (ရီ) (ရီကို (ဖြည့်) ကေ (ပြည့်) ရေ။) (မဖွတ်ဘဲဖြူ မဖြည့်ဘဲပြည့်) (အုန်းသီး)။
(ဖြတ်) ကေ (ပြတ်) တေ။ (ဓါး)

(မ)

( မွှိ ) ကေ ( မွိ ) ရေ။ (ဂျင်)
(မျှိုး) ကေ (မျိုး) ရေ။ (၀ါးဖောင်)
(မြှင့်) ကေ (မြင့်) ရေ။ (အဆင့်)
(မြှုတ်) ကေ (မြုတ်) တေ။ (သမ္ပာန်)
(မြှောက်) ကေ (မြောက်) တေ။ (လူဗိန်း)

(န)

(နှဲ့) ကေ (နဲ့) ရေ။ (ခါး) *** (ကစွာမှာ ခါးကို (နှဲ့) ထားစွာချေ (နဲ့) နီယင့်။)
(နှုး) ကေ (နူး) ရေ။ (ထမင်းခြောက်) (ထမင်းခြောက်ကို ရီနန့် (နှုး) ကေ (နူး) ရေ။)
( နွှာ ) ကေ ( နွာ ) ရေ။ (အခွံ) (အခွံ (နွာ) အောင် ( နွှာ ) ပစ်လိုက်။)
(နှိုး) ကေ (နိုး) ရေ။ (အချေ)
(နှုတ်) ကေ (နုတ်) တေ။ (အမွှီး) (ငှက်မွှီး (နှုတ်) ပစ်လိုက်၊ (နုတ်) လီပါတ်စီ။)
(နှစ်) ကေ (နစ်) တေ။ (ခဲ)
(နှပ်) ကေ (နပ်) တေ။ (ထမင်း)
(နှိပ်) ကေ (နိပ်) တေ။ (နံ)
(နှိမ့်) ကေ (နိမ့်) ရေ။ (ကြမ်း) ***
( နွှီး ) ကေ ( နွီး ) ရေ။ (ရီအိုး) *** (ရီအိုးကို (နွီး) အောင် ( နွှီး ) ထား။)
(နှောက်) ကေ (နောက်) တေ။ (သောက်ရီ) (သောက်ရီကို (နောက်) အောင် (မနှောက်) ကဲ့။)

(ယ)

(ယှင်း) ကေ (ကျင်း) ရေ။ (အမှိုက်)

(ရ)

(ရွှင့်) ကေ (လွင့်) ရေ။ (စပါး) *** (လီထလို့ စပါး ( ရွှင့်) ကေ စပါးဖျင်းတိ (လွင့်) လားလိမ့်မေ။)

(လ)

(လှူး) ကေ (လူး) ရေ။ (လောင်း)
(လှဲ) ကေ (လဲ) ရေ။ (အပင်)
(လွှဲ) ကေ (လွဲ) ရေ။ (ယိုင်း)
(လွှတ်) ကေ (လွတ်) တေ။ (ခွီး) ***
(လွှင့်) ကေ (ရွင့်) ရေ။ (ရွက်) *** (ရွက် (လွှင့်) ကေ (ရွင့်) ရေ။)
(လှည့်) ကေ (လည့်) ရေ။ (အဂေါင်း)
(လှပ်) ကေ (လပ်) တေ။ (တောင်း)
(လှန်) ကေ (လန်) ရေ။ (ဖျာ)
(လှန့်) ကေ (လန့်) ရေ။ (ငကြောက်)
(လှောက်) ကေ (လောက်) တေ။ (အပို) (ဆန်စကေ အပို (လှောက်) ထည့်လိုက်။ မဟုတ်ကေ (လောက်) ဖို့မဟုတ်။)

(စုစုပေါင်း ရခိုင် (ကြောင်းကျိုးပြကြိယာ) ဝေါဟာရစကားလုံး (၇၇) လုံးရထားပြီးဖြစ်ပါသည်။ ထပ်မံ လှောက်ထည့်ဖြည့်စွက်ရန်လည်း တောင်းပန်အပ်သည်။)

*** ပြထားသည်များမှာ ကိုကျော်ဖြိုးဝေဖြည့်စွက်ချက်များဖြစ်သည်။
^^^ ကိုယ်တော် Eindaobatha ပို့တင်ထားခြင်းဖြစ်သည်။ 

မူရင်း - http://arakanmagazine.blogspot.sg/2009/04/blog-post_4796.html

အချစ်ရတု

အချစ်ရတု
-----------
သာကြည်ယုယ
မပျော်ရသည်ကြာလှပြီ အသျှင့်သား
အရွှီသည်ပန်းနှင့်တူစွ
စန္ဒာဖြူသည် ကြိုးကြာမယ်ထက်ပူ၍
တကြူကြူလွမ်းရုတ
မောင်ကြောင့်ပူဆာ မခံသာသည်
များစွာဝဋ်ဒုက္ခတည်း --။

ပူခြင်းလှသည်ကြီး၍ပေ
ဦးဂေါင်းထိပ်ပြင် လက်စုံတင်ကေ
ကျွန်လျှင်ကန်တော့ပေ၏ --။

ကြောင်းခြင်းစစ် မှာလိုက်မည်
စကြာပိုင်သား မေသက်ထားသည်
ရွှီနားတဖန်တည်လော့။

ရှိက၀ယ်ကုသိုလ်ဟောင်း
ဘုရားစိန္တေ မြတ်ဗုဒ္ဓေမှာ
ညောင်ရည်ပန်းသာလောင်း၍
ဆုပန်တောင်းပြုခမည်
ကြမ္မာကျိုးစက် ဒါနဖက်ကေ
မပျက်သစ္စာလွယ်၍
ဤလူ့ပြည်ဤဌာန
မောင်နှင့်အတူ တောင်းဆုယူကေ
နှစ်ဆူပေါင်းဖော်ကြ၍
အော် - တူတကွသည် နီစိုင်တွင်
အလှယင့်ယူ ချစ်သူသားဖခင်လည်း
ဝီးရပ်ခွင်သည်တိုင်းတပါး
သူ့တိုင်းပြည်ကို
လားသည်ဤကြောင်းလျားကြောင့်
အို ၀မ်းနည်းသည် စားသောက်မခြီ
ညည့်နှင့်နိသည် ခြောက်ဆယ်ပေါင်းနာရီတွင်
လွမ်းသက်ဝီညှိုးနှမ
ကမ်ဖာခိုးထူ မှိုင်းမှိုင်းလူသည်
နှစ်ဆူနီနှင့်လကို
တောင့်တဘိ နီစိုင်တွင်
အချစ်မပြီ မောင့်သက်ဝီကေ
ဒါလီမောင်ပန်းပင်ကို
လွန်ကြည်ညိုသည် လူကိုမပြော
ချစ်တေအားကို မေလျှင်ဝမ်းတွင်ထား၏ --။

ဂြိုးလှညို ရွှီငှက်မ
နိညမဆို တောမြိုင်ညိုမှာ
ဖိုကိုလွမ်းရို့တ၍
နိည၀ယ်အပြန်ပြန် နာရီခတ်တွင်
မောင့်ကိုတွက်ကျပြန်ကာ
ကေသာဆံ သျှောင်အုံးလုံး
ပန်းကုံးမဆင် ဆီမပျင်ကေ
မေလျှင်ဖြစ်နီပါ၏ --။

နှလုံးသည် စိတ်ဝီဆာ
နံသာဆီကြိုင် ကတိုးရိုင်လည်း
နှမကိုယ်နှင့်ကွာ၍
မောင်ကြောင့်သာ စိတ်ဆိုးညစ်
ပတင်းညိုကေ လီချိုသလွန်သာက
ငိုစိတ်ဖြစ် နီစိုင်ခါ
ဥသြဖိုးခေါင် ကုက္ကလောင်ကေ
ဝါရောင်ကျူးမြည်လာလည်း --။

တသင်္ကြန်လွန်လီမြောက်
အို - ရတုတဖန် ရာသီပြန်ကေ
ဝဿန်မိုးဦးရောက်၍
တောင်မြောက်ရပ်သျှစ်မျက်နှာ
စိမ်းမြညိုဝီ ကမ်ဖာမြီမှာ
ရီလျှင်အီးမြမြနှင့်
အင်းအိုင်ထဲဖားများစွာ
မစဲအသံ တကြံကြံသည်
ဝဿန်မိုးကိုခေါ်၍
ထက်အာကာဘုံတရိုး
ကြီးလှအသံ တညံညံကေ
ရုံလျှင်ဟစ်ကာကြိုး၍
တဖြိုးဖြိုးသွန်းကျလာ
ဝဿန်ရာသီ မိုးဦးချီသော်
တောင်လီဖြူးကာကာနှင့်
မေလျှင်ရင်လုံးအီး
နဂရစ်တောင်ယောင် ၀င်းလင်းပြောင်သည်
မယ်ကမပျော်ဘိလည်း --။

တယောက်တည်း မေ့တကိုယ်
ဟိလတ်မနော် စက်တော်ခေါ်ကေ
မေကမပျော်လိုလည်း --။

တယောက်တည်း လုံးချင်းသာ
ခန်းမဆယ်တောင် တိုက်ခန်းဆောင်မှာ
မောင့်ကိုယ်ကိုမွှီ၍စမ်း
မောင်ကိုယ်ငွိ မတွိသောခါ
မေရို့မှာကေ တုံစွာတချမ်းချမ်းနှင့်
တ,နိုးနိုးကြက်သီးဝှမ်
ပူပန်ပျောင်းပျ မောင့်ကိုတကေ
အလှရင်လုံးနွမ်၍
မိုးသောက်ပြန်ထတုံသောခါ
ဗိမှာန်အိမ်နား ပန်းစံကားသည်
သစ်ဖျားအခက်မှာကား
ငှက်ရွှီဝါကေ တတွတ်တွတ်
(ရောက်ပျာ ရောက်ပျာ) တြင်းငြာကေ
ကျူးကာနမိတ်ဖတ်၍
မြည်တမ်းရွတ်သည် ငှက်ရွှီဝါ
နိညမဟူ မောင့်ချစ်သူလေ
မေဖြူကြားလီပါက
အဂယင့်သာ ဟုတ်စနိုး
ချစ်မိုးစုံလင် ရာသက်ကြင်သည်
အယင်မောင်ရောက်ဖို့ဟု
လွမ်းစိတ်ဖြစ် နီစိုင်တွင်
ပစ္စင်တူရိယာ နှဲခရာကေ
ညီညာတီးမှုတ်ကျင်၍
လွန်ပျော်ရွှင် လူအများ
ဇကြော့ကခြီ ရုပ်မျိးစီကေ
အညီယိုးဒယားနှင့်
သဘင်များပွဲရံရာ
လက်ဖျားကိုချီ သူ့သက်ဝီသည်
ကိုယ်စီသားနှင့်လာ၍
မိပျော်ငြား ဖသက်နှံ
မောင်ဇံပူဆာ ဖကိုရှာကေ
မြီမှာလှူးကာပြန်၍
တကြံကြံ ငိုလိုက်လတ်က
အလှယင့်ယူ မေဖြူစိတ်ပူဆာလည်း --။

ပြောစရာ ဆိုမတတ်
မွီးမိခင်မှာ ရင်ကိုထုထောင်းသတ်၍
ဖခင်တွက်မည်ကြောင့်
မွီးမေအသက်ပင် သီလျှင်တော့မည်ဟူ၍
အူသဲခြီ တုံလို့ချိ
ဆီးဝါးဂါထာ မရသာသော်
ပြင်းစွာလောင်သည့်မီးကို
စောင့်ထိမ်းသည် ငြိမ်းသက်အောင်
စေတနာကေ မိတ္တာဆွမ်းဖြင့်လောင်း၍
(ပီပျောက်)

တိုင်းရပ်မြီ မိစ္ဆိမ မိဘဌာန
ရောက်လတ်သောခါ
နှစ်ပါးမောင်နှံ ဆရာ့ထံမှာ
ဝပ်စင်းလျှောက်တောင်းပန်၍
ဇေတ၀န်မြတ်ကျောင်းတော်
လုပ်လပ်ပြီးခါ တိုင်းသူပြည်သား
ကောင်းမှုဖက်ကေ မိတ္တာရီစက်ချ၍
ဝသုမ်ဒရီမြီစောင့်နတ်
ဘော်သျှင်မနတ်လူဗြဟ္မာ
ကောင်းချိမ်းပြူကေ
နတ်လူသာထု ခေါ်စီသောဝ်လည်း --။

(ရှိဟောင်း ရခိုင်ပရပိုဒ်ပီမူ)

မူရင်း - http://arakanmagazine.blogspot.sg/2009/04/blog-post_03.html

ရခိုင်သတ်ပုံ အရေးအသား

ယနေ့ ရခိုင်စာပေ လေ့လာသူများသည် သတ်ပုံကိစ္စကို စဉ်းစားခန်း ထုတ်ကြပေလိမ့်မည်။ သတ်ပုံ အဘိ ဓာန်၊ ဝေါဟာရအဘိဓာန်များထိ ပြုစုထုတ်ဝေရေးကို တိုက်တွန်းလိုလား ရှိနေကြပြီးလည်းဖြစ်၏။

ထိုသို့ စဉ်းစားခန်းဝယ် ဆွေးနွေးချက်၊ အကြံပြုချက် သည်လည်း မပါမဖြစ် ချေတကား။ ယနေ့ ရေးနေကျ "အစ်မ"အစား ရှေးသုံးရခိုင် စောနန်းမင်းဖြူ ကောင်းမှု ကျောက်စာအတိုင်း"အုဉ်မ"ဟူ၍လည်းကောင်း၊ လော ကဒေ၀ီ ကျောက်စာအတိုင်း "ဘုရားတေတော်မူ၏"၊ "တောင်ဘက်ချည်တွင်"၊ "သက်ပြယ်ကိုအစပြု၍ မြုံပြည်တိုင်အောင်ကို" ဟူ၍လည်းကောင်း ရေးထုံးပြုရမည်လား၊ ပြင်ယား ကျောက်စာ အတိုင်း "မျက်သုတ် ကတေ"၊ "လင်္ကာတဆဲငါးချပ်"ဟူသော အသုံးသို့ လိုက်၍ ရေးရိုးပြုသင့်အံ့လော။

"သတ်ပုံမမှန် ကျောက်စာနှင့်ညှိ"ဆိုသော ဥပဒေသလည်း ရှိသေး၏။ ကျောက်စာသည် စာအုပ်စာပေထက် ရှေးကျသည်မှာ အမှန်တည်း။ စာပေအက္ခရာ၏ သက်သေခံ ရှေ့ပြေးမိဘပင် ဖြစ်၏။

ကျောက်စာတို့တွင်လည်း ရေးသုံးပုံသည် ကိန်းသေပြီးကား မဟုတ်သေး။ ရွှေ့ပြောင်း ကွဲလွဲချက်လည်း ရှိသေးရာ တရားသေ ယူဆ၍လည်း မဖြစ်ချေ။ ကျောက်စာ၌ ရေးသုံးချက် မပါမရှိ မတွေ့သိရသည်များ အတွက်မူ ဘယ်သို့ အရေးအသား ပြုခဲ့လေမည် ဖြစ်ကြောင်း မည်သို့ စဉ်းစားသင့်မည်နည်း။ ထိုသို့ဆိုလျှင် အဘယ်ကို အခြေခံ၍ ရေးထုံးပြုသင့်သနည်း။ အခြေခံမဲ့ သတ်မှတ်ကြရန် သင့်မည်လော။

အခြေခံမဲ့ သတ်မှတ်ကြလျှင် အမိမဲ့သားအဖြစ်သို့ကား မရောက်တတ် နိုင်ပါသလား။

သည်အတိုင်း သုံးစေဟု အမိန့်ပြဌာန်းချက်ဖြင့် လည်းကောင်း၊ ဤသို့ သာဓက ထောက်ထားစရာတို့ဖြင့် ညှိ နှိုင်း အတည်ပြုထားသည်ဖြင့် လည်းကောင်း၊ သို့မဟုတ် ယာယီစံပြ အသုံး ပြုစေခြင်းဖြင့် လည်းကောင်း သတ်မှတ် သင့်ကြမည်လော။

စကားအသံမှ စာပေ၊ မှတ်စရာ ဝေါဟာရ ဖြစ်လာရသည်။ ထို့ကြောင့် စာပေသည် စကားဝေါဟာရ၏ ကိုယ် စားလှယ်သာ ဖြစ်သင့်ရာကား စကားသံကိုပင် သတ်ပုံသတ်ထုံး မှန်အဖြစ် သတ်မှတ်သင့်၊ မသင့် စဉ်းစားကြ ရအံ့လော။ ယနေ့တိုင် ရခိုင်တို့ ပြောနေကျစကားသံသည် ရခိုင်အသံမှန် ဟူ၍ကား မှတ်ရမည်လား။ ၀တီ လေးရပ်မှ ရခိုင်အသံ၊ ရခိုင်အသုံးကို အဘယ်သို့ မူသေထား၍ စံနှုန်းသတ်မှတ်သင့်ကြ မည်နည်း။

ခေတ်ကို ရှေ့ပြေးရှေကမီ လိုလားနေကြသူများအရ ခေတ်မီဆန်းသစ် တီထွင် အသုံးပြုသွားခြင်း သည်ပင် လျှင် ခရီးရောက် လျင်မြန်ရာ၏ဟု သတ်မှတ်သင့်မည်လား။

ရခိုင်သတ်ပုံ ကိစ္စနှင့် ပတ်သက်၍ ကျွန်ုပ်၏ မှတ်စုတစ်ခုကို တင်ပြလိုပါ၏။ ထိုမှတ်စုမှာ ကျွန်ုပ်၏ ဥပဇ္ဇျောယ် ရင်း ဆရာတော်ထံမှ ရရှိထားခြင်းပင် ဖြစ်၏။ ဆရာတော်နှင့်ကား သတ်ပုံကိစ္စကို နှစ်နှစ်ကာကာ ကျွန်ုပ်ဆွေး နွေးချက် မရှိလိုက်မိချေ။ ဆရာတော်နှင့် သာမဏေဘ၀က သုံးနှစ်ခန့်သာ အတူနေခဲ့ရပြီးနောက် ခွဲခွာမှု ဖြစ် ခဲ့ရသည်။ ထိုနောက် တဖန် သာမဏေဘ၀တွင်ပင် ထပ်၍ နှစ်ကြိမ်ဖူးမြင်ရန် အခွင့်ကြုံခဲ့ရလေသည်။ ထိုစဉ် လည်း ဤကိစ္စရိပ်ယောင် မသန်းခဲ့။ ရဟန်းတက်၍ တစ်နှစ်ထိ နေခဲ့ဖူးစဉ်လည်း ဆရာတော်ထံမှ ရာဇ၀င် မှတ်စု မှတ်ရာတို့ကို ရေးကူးယူခဲ့ရခြင်းထက် အခွင့်မသာခဲ့။

ထို့နောက် ရန်ကုန်သို့ ပြန်ရောက်၍ စာပေလိုက်စားရင်းက ရခိုင်သို့ စာစုဆောင်းရေး၊ ဗဟုသုတရရှိရေး၊ ဒေသန္တရ ပြုရေးအတွက် ကောဇာသက္ကရာဇ် ၁၃၂၁ ခုနှစ်တွင် ရောက်ခွင့် ကြုံခဲ့ရသည်။ ထိုစဉ်ကာလ တွင်ကား ဆရာတော်ထံ ခေတ္တဖူးမြော်ရင်း ရောက်ခဲ့ရခြင်းအတွက် သတ်ပုံမှတ်စုကို ရလာရပေသည်။ ဆရာ တော်နှင့် စိတ်နီးသလောက် လူမနီးနိုင်ခြင်းကား တစ်နိုင်ငံခြား တစ်ပြည်တိုင်းကာ ဖြစ်နေရခြင်း ကြောင့်ပင် တည်း။

ဆရာတော်နှင့် ထိုခေါက်ကာလ ကြုံစဉ်လည်း သတ်ပုံကိစ္စ ဆွေးနွေးခဲ့ရသည်ကား မဟုတ်ချေ။ ဆရာတော် ထံမှ မှတ်စုကိုရ၍ ထိုကိစ္စကိုမေးမြန်း လျှောက်ထားခဲ့ရခြင်းသာ ဖြစ်၏။ ဆရာတော်ကား မိမိ၌ ဖရိုဖရဲ ပြန့်ကျဲ နေပြီဖြစ်သော "ဓည၀တီ သတ်ပုံသံယုဂ်ကျမ်း" စာမူများကို လုံးစု၍ ဆွမ်းစား စားပွဲတွင် တင်ထားပေသည်။ ကျွန်ုပ်လည်း ၀မ်းသာအားရဖြစ်ကာ ရခိုင်လူမျိုး၊ ရခိုင်ပြည်နယ်၊ ရခိုင်စာပေ ဟူ၍ ပါရှိလျှင် ရခိုင်သတ်ပုံ တော့ ရှိရမည်ဟူသော သန္နိဌာန်ကို ခိုင်မြဲစေလေသည်။

ဆရာတော်သည် မိမိသတ်ပုံ သံယုဂ်ကျမ်း ရေးခဲ့ပြီးသော စာမူကြမ်းကို ပြောပြ၍ "ရခိုင်သတ်ပုံဆိုလျှင် ရခိုင် အသံ သဒ္ဒါနှင့် လိုက်ဖက်နီးစပ်ရမည်။ သို့မှ ရခိုင်သတ်ပုံ မှန်ကန်သည်။"ဟူ၍ ဥပဒေသ စကားကို စဉ်းစား ဆွေးနွေး ထောက်လှမ်း စိစစ်ရေးငှာ မ၀ံ့ရဲခဲ့ရာကား နှုတ်ပိတ်၍သာ ရှိနေခဲ့ဖူး၏။

ကျွန်ုပ်၏ ငယ်ဆရာ ဥပဇ္ဈာယ်ရင်း ဆိုလျှင် ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကပ္ပဂေါင်းရွာတွင် ကောဇာ ၁၂၄၂ခုနှစ်တွင် မွေးဖွားပြီး နတ်မြစ်အနောက်ဘက်ကမ်း (ယခု ဘင်္ဂလားဒေရှ့်)တွင် ကြီးပြင်းခဲ့လေသည်။ ထိုက သာသနာဘောင် ရောက်၍ စာပေတတ်မြောက်ကာ ထိုဒေသတွင် ကျောင်းထိုင်၍ ခြံချောင်း ရွာ ကျောင်း၌ (၂၀)၀ါ၊ နခေါင်းချောင်း ကျေးရွာကျောင်း၌ (၃၁)၀ါ ရှည်ကြာခဲ့ပေသည်။ အသက် ၈၃နှစ်၊ သိက္ခာ ၆၄၀ါတွင် ပျံလွန်ခဲ့လေသည်။ ၁၃၂၅ခုနှစ် ဆရာတော် ပျံလွန်တော်မူစဉ် ကျွန်ုပ်မှာ ရန်ကုန်မှ လိုက်လာ၍ သင်္ဂြိုဟ် ခဲ့ရပေသည်။

ဆရာတော်သည် လောကုတ္တရာ စာပေ၌ ထင်ရှားသလောက် လောကီဘက်တွင်လည်း လေ့လာမှု မကင်း ခဲ့ချေ။ ဆေးဝါး၊ နက္ခတ်၊ ဗေဒင်၊ အင်းအိုင်၊ ယတြာ စသော အတတ်ဆိုင်ရာ၌လည်း တတ်သိလေသည်။ ကဗျာ၊ ဗန္ဓ၊ တေးဂီတ၊ အနုသုခုမ အရာ၌လည်း တီးခေါက်နိုင်ပေသည်။

မိမိ တတ်သိသမျှဖြင့် ဆရာစားလုပ်မနေသေးဘဲ တပည့်များအတွက်လည်း သင်ကြား တတ်မြောက်စေရန် ၀ါသနာရှိပေ၏။ ထို့ကြောင့် ဂဏန်း သင်္ချာတွက်ပုံ စာမှအစ အရပ်ရပ် သင်ခန်းစာတို့ကို သံပေါက်ကဗျာ တို့ဖြင့် ဆောင်လွယ်ရန် ရေးစပ်မှုများ ပြုခဲ့လေသည်။ ဆရာတော် သင်ပြပေးခဲ့သော သင်္ဂြိုဟ်သံပေါက်၊ ဓါတု သံယုဂ်သံပေါက် စသည်တို့မှာ တပည့်များနှုတ်တွင်ပင် ကိန်းနေသေး၏။ သူငယ်များ ဖတ်စာများပင် မိမိသင် ပြချက်မူ ထားရှိပေ၏။

ဆရာတော်၏ ဗဟုသူတစွယ်စုံချက်တို့ကား ၄င်း၏မှတ်စု မှတ်ရာ သင်ခန်းစာတို့က သက်သေခံအဖြစ် မှတ် တမ်းတင် ကျန်ရစ်နေပေ၏။ ဖော်ပြပါ ဓည၀တီ သတ်ပုံသံယုဂ်စာမူချောမှာ ခြံချောင်းကျောင်းတွင် စီစဉ် သင်ပြခဲ့ကြောင်း အမိန့်ရှိခဲ့ဖူး၏။ တပည့်ကျောင်းသားများ နှုတ်တက်လက်စွဲ ဆောင်လွယ်ရန် ရည်ရွယ် ချက် ဖြင့် စီကုံးခဲ့ခြင်းဖြစ်သည်။

သို့သော် ဆရာတော်မှာ နခေါင်းချောင်း ကျောင်းသို့ ရွှေ့ပြောင်း သီတင်းသုံးရန် ကြုံလာရခြင်း၊ စစ်ကာလ အတွင်း စာအုပ်စာတမ်းများကိုဂရုမထားနိုင်ခြင်း၊ ဘေးလွတ်ရာ ရှောင်ရှားနေရခြင်းတို့ကြောင့်လည်းကောင်း၊ ရပ်ရွာ စာပြစာသင် တပည့်များ ငှားရမ်းသင်ပြ ခဲ့ရခြင်းတို့ကြောင့် လည်းကောင်း၊ ထိုသတ်ပုံစာအုပ် လက် ရေးမူသန့်မှာ မည်သို့ ပျောက်ရှသွားသည် မသိချေ။ ကျွန်ုပ်နှင့်တွေ့စဉ် တပည့်များထံလည်း မေးမြန်း စုံစမ်း ရှာဖွေ စေခဲ့ပါသေး၏။ လုံးဝတိမ်မြုပ်ခြင်းသာ တိုင်ခဲ့ရာကား လက်ကျန်ဖာသား၊ ချုပ်ကြောင်း၊ ဖျက်ရာ ပြင် ဆင်၊ ဖြည့်စွက်စာမူကြမ်း အနည်းငယ်ခန့်ကိုသာ သိမ်းစုမိတော့၏။

ထို့ကြောင့် ဆရာတော်က "ပဉ္စင်းပြင်၍ ရမည်မဟုတ်၊ ထားခဲ့၊ ငါအားစဉ် ပြင်ကြည့်မည်"ဟုဆိုကာ ထိုစာမူ ကြမ်းကိုပင် ဆရာတော် လက်ရသိမ်းတော့၏။ ထိုအခါကျွန်ုပ်မှာ မိမိတီးခေါက်မိသင့်ရာ သဘောဖြင့် ဆွဲယူ ကြည့်ရှုမှတ်သား ထားသည်ကား ယခုသက်သေခံသဖွယ် ဖြစ်ချေ၏။ ဆရာတော် ပျံလွန်ပြီး ဈာပနပွဲတွင် သာ နောက်ဆုံးပူဇော်မှု ပြုရလေတော့၏။ ထိုစာမူကြမ်းကို ပြင်ဆင်ကြည့်မည်ဟု မိန့်ဆိုခဲ့ ဖူးသော် လည်း ထိုနှစ်က စ၍ ဆရာတော်ကား ကျန်းမာမှု မရှိတော့ပြီ။ မကြာခဏ သတိမေ့လိုက်၊ ငယ်မူပြန်လိုက်နှင့် ချည်း သာဖြစ်ခဲ့ရပြီး နောက်ဆုံးမှာမျက်စိကွယ်သည့် အဖြစ်သို့ ရောက်သွားခဲ့ရပေရကား စာနှင့်ဝေးသွားလေတော့ ၏။ မျက်မှန်လွတ် မျက်စိကြည့်၍ အသက်ရှစ်ဆယ်ထိ စာကြည့်မပြတ်ခဲ့သော ဆရာတော်ကား ဓည၀တီ သတ်ပုံ သံယုင်္ဂ စာမူကြမ်းကိုပါ ပြင်ရန်အချိန်တွင် အားမာန်မတင်း စိတ်အား မပြင်းနိုင်ခဲ့ ရှာလေပြီ။

ဆရာတော်၏ သတ်ပုံ သံယုင်္ဂ မူကြမ်းကို ကျွန်ုပ်မျက်စိ တမ်းကြည့်မိသလောက် ဆိုလျှင် "အယ်"ကာရန်နှင့် "အဲ"ကာရန် နှစ်ခန်းသာ တွေ့ရှိပေတော့သည်။ ထိုတွင် ရခိုင်အသံထွက် သံတူသတ်ပုံကို ဤသို့ ဖော်ပြစပ်ဆို ထားခဲ့ပေသည်။

၁။ ယ ညသတ်ရိုး၊ သဝေထိုး၊ သုံးမျိုးအသံတူ။ (စယ်၊ စည်၊ စေ)

၂။ သဝေထိုး ရှေ့ပေါက်၊ ညသတ်ပေါက်၊ ထို့နောက် နောက်ပစ်တူ။ (စေး၊ စည်း၊ စဲ)

၃။ နောက်ပစ် အောက်မြစ်၊ ညသတ်မြစ်၊ အောက်မြစ်၊ သဝေတူ။ (စဲ့၊ စည့်၊ စေ့)

၎။ ညငယ်သတ် မြင်၊ လုံးလည်းတင်၊ ချောင်းငင် ငသတ်တူ။ (စဉ်၊ စိုင်)

၅။ စလုံးသတ် မြင်၊ လုံးလည်းတင်၊ ချောင်းငင်ကသတ်တူ။ (စစ်၊ စိုက်)

၆။ သဝေထိုး ရေးချ၊ ရှေ့ထိုးက ၊ ရေးချဝဆွဲ တူ။ (ခေါ်၊ ခွာ)

၇။ ၀ဆွဲ ရေးချ၊ ရှေးပေါက်က၊ ရေးချ သဝေတူ။ (ခွား၊ ခေါ)

၈။ သဝေထိုး ရေးချ၊ အောက်မြစ်က၊ အရ၀ဆွဲ တူ။ (ခေါ့၊ ခွ)

၉။ ဓအောက်ချိုင့် ဓ၊ ဃကြီး ဃ၊ ယူထ ဠကြီးကြီး။ (ဓ၊ ဃ၊ ဠ)

၁၀။ ဋသလင်းအစ၊ ဏကြီးကျ၊ ပဉ္စွှတသီး။ (ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ)

၁၁။ ရေးသမျှဝယ်၊ ဤရှစ်သွယ်၊ စွန့်ပယ်ရန်အပြီး။

၁၂။ ကျန် နှစ်ဆယ့်ငါး၊ ရေးရန်ထား၊ မှတ်သား အသီးသီး။

ဤသို့ သတ်ရိုးကိုပြပြီးနောက် "ယ၊ည" သတ်ရိုးနှင့် သဝေထိုး ဤသုံးမျိုးအသံတူပုံကို သတ်ပုံ ဥဒါ ဟရုဏ် နှင့်တကွ အကျယ်ပြလေသည်။ ထိုတွင် ယ-သတ်ကို ဦးစွာပြပြီး၊ ထို့နောက် ည-သတ်ကို ပြလျက် သဝေထိုး ကို အစဉ်ဆက်ပြကာ - "အယ် ကာရန်သုံး၊ သတ်ပုံထုံး၊ ပြီးဆုံးနိဋ္ဌိတံ"ဖြင့် ပထမ တစ်ခန်း ကဏ္ဍ တစ်ရပ် အပြီး သတ်လေသည်။

ဤသို့အားဖြင့် နိဒါန်းချီခဲ့သည့်အတိုင်း အခန်းစုံစွာဖွဲ့လျက် ရေးစပ်ထားခဲ့သော "သတ်ပုံအကျဉ်း"ခေါ် "သတ် ပုံသံယုဂ်ကျမ်း"သည် အစုံအလင်သာ ဖြစ်မည်ဆိုက ကျမ်းတစ်အုပ် ပေတစ်ထုံး ရှိခဲ့မည်မှာ အမှန်တည်း။

"ပညာလိုလား တပည့်များတို့၊ အရေးကြုံလျှင် အကုန်ရစေရန်"ဟူသော ဆရာတော်၏ စေတနာ ရည်ရွယ် ချက်ကို ဖြည့်စွမ်းနိုင်စေမည့် သတ်ပုံစာအုပ် ဖြစ်ကြောင်းကိုကား ကျွန်ုပ်လေ့လာ သိရှိခဲ့ရပါသည်။ ထို့ပြင်၎င်း သတ်ပုံ သံပေါက်တို့၌ ၀ါဒကွဲ၊ သတ်ပုံကွဲများကိုလည်း "ဖယ်တွင် ယ-ည၊ ဤနှစ်ဝ၊ သတ်ကြမှန် မချွတ်"ဟု ဖော်ပြထားခဲ့သည်မှာ ခရေစေ့တွင်းကျ ပြည့်စုံလှပေ၏။ ထိုသတ်ပုံ သံယုဂ်ကျမ်း၏ ရည်ရွယ် ချက်နှင့် စေတ နာကိုလည်း ဆရာတော် ကိုယ်တိုင်ပင်လျှင် ထိုကျမ်းနိဒါန်း၌ ဤသို့ သျှိုးလိုက်ရတုဖြင့် ဖွဲ့ဆိုထားသည်ကို တင်ပြလိုက်ရပေ၏။

လောကဓါတ်လုံး၊ ညွတ်ရုံး ကော်ရော်၊ ပူဇော်ရာဖြစ်၊ မြတ်ရှင်ချစ်ကို၊ တွက်စစ် လက်ဆယ်ဖြာ၊ ညွှတ်ခရိုကျိုး၊ ဦးတင်မိုးသည်၊ ရှိခိုးဝန္ဒနာ၏။ ရတနာမြတ်ဆယ်ပါး၊ တရားအမွန်၊ ဓမ္မက္ခန်ပေါင်း၊ ရှစ်သောင်းလေးထောင်၊ ကျမ်းစောင်စောင်ကို၊ ကုန်အောင် သီးညွှတ်တွား၏။ ဘုရားမြတ် စိန္တေယော်၊ သားတော်အစစ်၊ ရိယာရှစ်ကို၊ စင်စစ်ရှိ ပူဇော်၏။ သို့ပြီးသော် တစ်ခန်း၊ သတ်ညွန်းသတ်ပုံ၊ အရေးကြုံလျှင်၊ အကုန်ရစေမှန်း၍၊ လက်တန်း လုပ် သံပေါက်စာ၊ ပညာလိုလား၊ တပည့်များသည်၊ ကြိုးစား မှတ်လေပါလော့။ နီလာမြ ပုံပမာ၊ အကာပယ် ပစ်၊ သံပေါက် သစ်သည်၊ အနှစ်သာရပါတည်း။

နံသညာ ရေးသူမှတ်၊ ခြံချောင်းရပ် ဌာနီ၊ မှီအောင်းစံသည်၊ သီလံ အကျင့်ဝတ်နှင့်၊ ပဋိပတ်သာသနာ၊ ပြည့်စုံ လုံလောက်၊ မထေရ်မြောက်သည်၊ တစ်ယောက် ငါဆရာဟု၊ ရတု စာကဗျာပိုက်၊ နှစ်ခြိုက်စရာ၊ ပျို့လင်္ကာကို၊ ဤစာစီကုံး လိုက်၏။ သဘော၌ ပိုက်ကြပါ။ သတ်ပုံဝန်လေး၊ ဥာဏ်ဖြင့်တွေးသော်၊ အရေးခက်လှ စွာ၏။ ဖန် ခါခါ လွန်လေ့ကျက်၊ ဆောင်ရွက်သူမှာ၊ သတ်ပုံရာတွင်၊ သူပင် ရေးမခက်ဘူး၊ သို့အထူးမှတ်ပြီးခါ၊ ကဗျာ ပျို့ ဆန်း၊ သံပေါက်ခန်းသည်၊ လက်တန်းဤပညာဖြင့်၊ မှန်စွာ ဤသဘော၊ မနောစိတ်ကြံ၊အဓိဋ္ဌာန်သည်၊ နိဗ္ဗာန် ရောက်စေသောဟု၊ တောင်းဆုပန် မမှား၊ သုံးပါးဘုံသူ၊ နတ်နှင့်လူသည်။ မျှတူ ရစေသားတည့်လေ။

အသျှင်စက္ကိန္ဒ (ရခိုင်ပြည်နယ်)
(၁-၁၀-၇၉)
 မူရင်း - http://www.arakanfolks.com/2012/01/blog-post_14.html
(မူရင်းတွင် မြန်မာစာနန့် ယှင်းလင်းထားသည်ကို ရခိုင်အပေါင်းရို့ သည်းခံဖတ်ပါရန် တောင်းပန်ပါ၏။

ရခိုင်သံစဉ်နှင့် အသံကူးပြောင်းပုံ (သျှင်အုန်း)

ရခိုင်ရိုးမ အနောက်ဘက် ကမ်းခြေသည် ပင်လယ်လှိုင်းသံ၊ တော တောင်ရိုးမှ ပဲ့တင် ရိုက်ခတ်သံ၊ မိုးရေချိန်
လက်မနှစ်ရာ ရွာသွန်းသော ရာသီဥတု၊ နှစ်စဉ်မိုးရာသီနှင့် မိုးနှောင်း ရာသီတို့တွင် အနိမ့်ဆုံး လေတိုက်နှုန်း မိုင်ခြောက်ဆယ်စသော ပထ၀ီအနေအထား ရာသီဥ တုများတည်ဟိပါရေ။

ဤဒေသတွင် နီထိုင်ကြသော လူမျိုးယ ဘာသာစကားတည်မှီရာ မူလအသံသည်လည်း ယင်းလူမျိုးရို့ နီထိုင် ရာ ရီ ၊မြီ၊ တော၊တောင်၊ ပတ်ဝန်းကျင်ရို့ကပင် ထောက်ကူလိမ့်မည်ဟု ယူသော်ရကောင်းပါယင့်။

ရခိုင်လူမျိုးများ စကားပြောဆိုရာ၌ များသောအားဖြင့် တိုးတိုးထက်ကျယ်ကျယ်ပြောဆို ရတတ်သည်ကို တွိရ ပါရေ။ ဤသို့ ကျယ် ကျယ်ပြောတတ်သောအလေ့အလာသည် ပထ၀ီအနီအထားနှင့် ရာသီဥတုကြောင့် ဖြစ် ပေါ်လာနိုင်ပါရေ။မိုးကြီးထန်ပြင်းစွာ ရွာချနီသောအချိန်၊ ဆင်ခေါင်းလီပြင်းပြင်း တိုက်ခိုက်နီသောအချိန်၊ မုတ် သုံ လှိုင်းကြီးအားအင်ဖြင့်ဆောင့်တက်နီသောအချိန်ရို့တွင် တစ်ဦးနှင့်တစ်ဦး စကားပြောဆိုကြရာ စကားလုံး များ ပြတ်သားကြည်လင်စွာ ကြားရအောင်အော်ဟစ် ပြောဆိုကြရပါရေ။ ဤနီရာမှာ ခြွင်းချက် တစ်ခုပြောဆို ရလျှင် ပင်လယ်ကမ်းရိုးတန်း၌ နီထိုင်သူများနှင့် ပင်လယ်ကမ်းခြီမှ အလှမ်းကွာသော ကုန်းပြင် မြီပြန့် တောင် ခြီ တောစပ်နီးသူများကား အသံအတိုးအကျယ် အလေ့အလာ တူညီမည်မထင်ပါ။

ဤသဘာဝကို စနစ်တကျ သုတေသနလုပ်၍ မတင်ပြနိုင်သည့်အချိန်မှာ အခိုင်အမာဆိုရန်ကား ခက်ပါသိ ရေ။ သို့သော်လည်း ရခိုင်လူမျိုးရို့ ပြောဆိုစကားကို လေ့လာကြည့်လျှင် လေးဆယ့်နှစ်မျိုးသော သံစဉ်ကာ ရန်ကို တွိရပါရေ။ ယင်းမှာ-

အ၊             အာ၊              အား၊              အိ၊               အီ၊            အီး

အု၊             အူ၊                အူး၊               အေ့၊            အေ၊           အေး

အော့၊         အော်၊            အော၊             အန့်၊            အန်၊           အန်း

အို့၊             အို၊               အိုး၊               အင့်၊             အင်၊           အင်း

အိုင့်၊           အိုင်၊             အိုင်း၊            အိမ့်၊              အိမ်၊            အိမ်း

အုန့်၊           အုန်၊             အုန်း၊            အောင့်၊          အောင်၊         အောင်း

အက်၊         အိုက်(စ်)၊        အောက်၊        အိတ်၊            အတ်၊            အုတ်

ဤ(၄၂) မျိုး သံစဉ်တွဲမှာ ဟထိုး၊၀ဆွဲ၊ ယပင့်၊ရရစ်ရို့သည် တူညီသော ကာရန်စဲဇဉ် ယူထားသည်ကို တွိရပါ ရေ။ ဥပမာ ကွတ်၊ ၀တ်၊ ကျွတ်၊ စပ်၊ တောင်းမှာ အကွတ် လူအ၀တ်နှင့် တင့်အပ်ရုပ်အဆင်း။

ဝဒင်းကြက်ဝတ်၊ ဥကကျွတ်
မျိုးဇာတ် မပီပြင်။
အတင်းပီးစပ်၊
စိတ်မ၀ပ်ကေ၊
နောက်စပ်သားမခင်။

ကွတ်ဆိုသော အသံထွက်မှာ "က" အက္ခရာထဲမှ "အ" သရခွင်း၍ "၀" ကို အသံပြည့်ယူပြီး တ၀မ်းပူထဲမှ "အ" သရကို သတ်ထားသော အသံဖြစ်ပါရေ။


ပြယုဂ် 

က်-၀-တ်=ကွတ် ဖြစ်ပါရေ၊ တခြား ထိုး၊ဆွဲ၊ပင့်၊ရစ်အသံတို့သည်လည်းသံစဉ်(၄၂)မျိုးထဲတွင် ပါဝင်နီ၍ မဖော် လိုက်ပါဗျာလ်။

သံစဉ် (၄၂) မျိုး ထဲတွင် သက်အောင့်သရ (၀ါ) သံရပ်သရ (Glottral Stop) ဟုဆိုသော ခြောက်လုံးသော စ
ကားသံကို တွိရပါသီးယင့်။

ယင်းမှာ-

အတ်၊ အိုက်(စ်)၊ အောက်၊ အိတ်၊ အပ်၊ အုတ်။ ဤသရများဖြင့်ဆိုထားသော မာသ်နာမ်ပုဒ် စကားလုံးများတွင် နောက်စပ် စကားလုံးများကို ထိခိုက်ခြင်းမဟိဘဲ ကြည်လင် ပြတ်သားစွာ အသံ ထွက်ကတ်ပါရေ။ ဥပမာ သ ရက် ၏အပင်ဆိုသော နာမ်ပုဒ်စကားလုံး (၂) လုံးကို "၏" ၀ိဘတ်ဖြုတ်ပြီး သမာသလုပ်ကာနာမ်တစ်ခုတည်း အဖြစ်ဆိုထားသော သရက်ပင်နှင့် အခြားသံရပ် သရဖြင့် ဆို ထားသော အပင်များကို ဖော်ပြလိုက်ပါရေ။ ဤ သစ်ပင်များကို နှုတ်ဖြင့်ရွတ်ဆိုသည့်အခါ အသံအားထုတ်ခြင်း မပြုရဘဲ "ပင်" သည် "ပင်"အတိုင်း ထွက်လာ သော စကားလုံးကို ကြည့်ခြင်းအားဖြင့် သိသာနိုင်ပါရေ။

သံရပ်သရဖြင့် ဆိုထားသော သမာသ်နာမ်ပုဒ်များ 

သရက်-အပင်=သရက်ပင်
ဝရစ်ပင်
ကသစ်ပင်
ကျေးကတုတ်ပင်
ကဒက်ပင်
ပိတောက်ပင်
ရှက်ပင်
သတွတ်ပင်
ပုံနရိပ်ပင်
ကြက်တက်ပင်
ပရုပ်ပင်
ခဒေါက်ပင်
သနပ်ပင်
စလပ်ပင်
လက်ထုပ်ပင်
ရှောက်ပင်
ဧကရာဇ်ပင်...

ဤဖော်ပြသော သစ်ပင်များသည် ရှေ့ကသံရပ်သရနှင့် အပေါင်းခံရ၍ အသံကူးဆက်ခြင်း မခံရဘဲအသံပက တိအတိုင်း တည်ဟိနီခြင်းကို တွိရပါရေ။ သံရပ်သရမှလွဲ၍ သံပြေး၊ သံပြင်း၊ သံပေါ့ စသော အသံရို့ဖြင့်ပေါင်း စပ်ထားသော စကားလုံးများမှာကား နောက်နားက ပေါင်းထားသော စကားလုံးသို့ အသံကူးဆက်ကာ မူလ အသံပျက်လာသည်ကို တွိရပါရေ။

အသံကူးဆက်သံပြောင်းစကားလုံးများ 

မှင်ကျိုးဗင်

ကုက္ကိုဗင်

ညောင်ဗင်

သ၀င်ဗင်

ဗန်းဖွိ့ဗင်

နရွဲးဗင်စသည်ရို့ဖြစ်၏။ မှင်းကျိုးပင်ကို "ဗင်"ဟူ၍ အသံပြောင်းခြင်းမှာ ရှေ့ကခံနီသောစကားလုံးများ သံရပ် သရ မဟုတ်သောကြောင့် ဖြစ်ပါရေ။ သစ်ပင်နာမ်ပုဒ်များသာမဟုတ်၊ တခြားသမာသိ နာမ်ပုဒ်များကိုလည်း ဤအတိုင်း တွိရပါလိမ့်မည်။ လက်ကွင်း၊ စက်ကွင်း၊ ချက်ကွင်း၊ မျက်ကွင်း ဆိုသော သံရပ် သရဖြစ်၍ ကွင်း၊ တွင်း စကားလုံးများကို ပီပီသသ အသံထွက်လာပါရေ။ နောက်-သရီဂွင်း၊ ကြိမ်ဂွင်း၊ စကားလုံးများမှာ ရှေ့ခံ စကားလုံး သံရပ်သရ မဟုတ်သောကြောင့် ကွင်းသည် ဂွင်းအဖြစ် အသံပြောင်း လာတတ်သည်ကိုတွိရပါရေ။

ဤသို့ ကူးပြောင်းတတ်သော သဘောကို ဆက်၍လေ့လာသောအခါ စကားလုံးမိသားစု (Word of Family) (၀ါ) အုပ်စုတူ အချင်းချင်းသာ ကူးပြောင်းတတ်သည်က တွိရပါရေ။ ယင်းမှာ ကမှဂ သို့ ကွင်းမှဒွင်းသို့၊ ထင်းမှ ဒင်း သို့ ( ဥတင်းဝဒင်း) စသည်တို့ ဖြစ်ပါရေ။ သံရပ်စကားလုံး အသံကူးပြောင်း စကားလုံးရို့သည် လူမျိုးတစ် မျိုး၏ ဘာသာ စကားတည်မှီရာ မူလအသံ သဘောရာဖြစ်ပါရေ။ အသံကူးဆက်၍သရပွားနှင့် ဗျည်းပွားအက္ခ ရာများ အကြောင်းကို ပါဏီနီ၏ သက္ကဋသဒ္ဒါနည်းမှ လေ့လာရသလောက် တစိချေ တင်ပြလိုပါရေ။

သက္ကဋဘာသာ၏ ၀ဏ္ဏမာလာ၌ ငါးဆယ့်နှစ်လုံးသော အက္ခရာဟိပါရေ။ ယင်း(၅၂) လုံးသော အက္ခရာထဲမှာ သရ၀ဏ္ဏက (၁၆) လုံး၊ဗျည်းဝဏ္ဏက (၃၆) လုံးဟိပါရေ။ သရ၀ဏ္ဏ (၁၆) လုံးသည် မူလကပင် (၁၆) လုံးဖြင့် တည်ဟိနီသည်မဟုတ်။ လိုအပ်သော သရများကို သုဒ္ဓသရ(၅)လုံးဖြစ်သော (အ၊ဣ၊ဥု၊ရီ၊လိ) ရို့မှ အသံကူး ဆက်၍ သရပွားအဖြစ် ယူထားသည်ကို တွိရပါသည်။(အ-အ- ပေါင်းအာ၊ ဣ-ဣ-ပေါင်း အီ၊ ဥု-ဥု-ပေါင်း ဥူ၊ ရီ-ရီ-ပေါင်း ရီ၊ အ-ဣ-အီ-ပေါင်း အေ၊ အာ-ဥု-ဥူ-ပေါင်း အိုး၊ အာ-အေ-အေ-ပေါင်း အေဲး၊ အာ-အို-အို-ပေါင်း အိုးဝ် ဟူသော အသရ၀ဏ္ဏများဖြစ်ပါရေ။ ဗျည်းဝဏ္ဏထဲတွင်လည်း သရချင်း ပေါင်းစပ်၍ ဗျည်းပွား အက္ခရာ များ ကိုလည်း တွိရပါသိရေ။ ယင်းမှာ ဣ-အီ-အ-ပေါင်း "ယ" အဖြစ် လည်းကောင်း၊ ရိ- ရီ - အ-ပေါင်း "ရ" အဖြစ် လည်းကောင်း၊ ဥု-ဥူ-အ-ပေါင်း"၀" အဖြစ်လည်းကောင်း၊ လိ - လီ -လီအ - ပေါင်း"လ"အဖြစ် လည်း ကောင်း စသည်ရို့ ဖြစ်ပါရေ။

သံယုတ္တအက္ခရာများစွာ ဟိပါသိယင့်၊ ဤဆောင်းပါးရှာရှည်လွန်းမည် စိတ်ထင်လို့ မဖော်ပြပါဗျာလ်။ သက္ကဋ အသံများကို ရခိုင် ဝေါဟာရဖြင့် ဖော်ပြရသည်မှာ မူလအသံထွက်ကိုမမှီ၍ ဘ၀င်မသန့်ဖြစ်ရပါရေ။ သဘော နည်းလမ်းလောက်ကို လေ့လာနိုင်ရန် တင် ပြလိုက်ပါယင့်။

သျှင်အုန်း 

ရခိုင်သုတ(ရခိုင်မဂ္ဂဇင်းပါ ဆောင်းပါးများ) စာအုပ်မှ ကူးယူဖော်ပြပါသည်။ 
မူရင်း- http://www.arakanfolks.com/2011/12/blog-post_718.html

" လား " " လာ " ကိစ္စ (ရခိုင်သဒ္ဒါ) နန့် “ရှိ” ကတ်ဖို့လား၊ “ယှိ” ကတ်ဖို့လား၊ “ဟိ” ကတ်ဖို့လား

ရက္ခိုင့်ဘာသာစကားထဲမှာ သဒ္ဒါစကားလုံး သုံးမျိုး

အခုတင်ပြဖို့ ဖြစ်တေ ရခိုင့်သဒ္ဒါအမျိုးအစားရေ ရခိုင်ပြည်မြောက်ပိုင်းဘာသာစကားကိုအခြီခံပနာ တင်ပြထားစွာဖြစ်ပါရေ။ ယေနန့် တောင်ပိုင်းအသုံးအနှုံးတိနန့် အကွာအဝီးဟိပါရေ။ လိုအပ်စွာကို ဖြည့်ပီးကတ်ပါ။ ရခိုင်ဘာသာစကားမှာ သဒ္ဒါစကားလုံးအမျိုးအစားကို ဘာသာဗေဒပညာသျှင်ရို့ က ( ၃ ) မျိုးရာဟိရေလို့ ရွီးသားကတ်ပါရေ။ ယင်းသုံးမျိုးမှာ -
၁။ နာမ်
၂။ ကြိယာ
၃။ ဝိဘတ် ဖြစ်ပါရေ။

နာမ်လို့ ဇာပိုင်သတ်မှတ်ကတ်ပါလဲဆိုစွာ ကြည့်ကတ်ပါမေ။ နာမ်ရေ ကြိယာထက် စကားလုံးဦးရေများပါရေ။ ဇာတွက်လဲဆိုကေ ရခိုင်ဝါကျတခုမှာ နာမ်ပုဒ်ဆိုစွာ မပါမဖြစ်ပါရပါရေ။ ယင်းပိုင်ပါရေခါ နာမ်ပုဒ်တိရေ ဝါကျတခုတည်းမှာ မကန်ပါနိုင်ပါရေ။ အကန့်အသတ်မဟိ ပါနိုင်ပါရေ။ ယေတာလည်း ကြိယာကျကေ တပုဒ်ရာပါစွာ တွိရပါရေ။ ယေနန့် နာမ်ပုဒ်ကများပြီးကေ ကြိယာပုဒ်က နည်းခြင်းဖြစ်ပါရေ။

နာမ်

ကောင်းပါပျာယ်၊ ရက္ခိုင်စကားမှာ နာမ်ကို ဇာပိုင်သတ်မှတ်စစ်ဆီးပါဖို့လဲ။ တချက်ကြည့်ကတ်ပါမေ။
နာမ်လို့ သိရအောင် -

( က ) " .... လား၊ .... လား " ကွက်လပ်အစုံနန့်
( ခ ) " .... လာ၊ .... လား " ကွက်လပ်အစုံ
ကိုအသုံးပြုလို့ စီးစစ်ကြည့်ကေ၊ ယင်းကွက်လပ်မှာ အစမ်းကိုအသုံးပြုလို့ တနည်းဝင်ရောက်ဖြစ်တည်နိုင်ကေ၊ အမီးဝါကျအစုံ ဖြစ်လားကေ နာမ်လို့ ဆိုနိုင်ပါရေ။

ရခိုင်စကားမှာ ...

(ဦး၊ ကြောင်၊ မြို့ ၊ ရွာ၊ ကျောင်း၊ အိမ်၊ အင်း၊ အိုင်၊ မီး၊ ရီ၊ လောင်း၊ သမ္ဗန်၊ ခြီထောက်၊ မျက်နှာ)
စသည် ... စသည် ...

( က )
ဦးလား၊ ကြောင်လား
မြို့လား၊ ရွာလား
ကျောင်းလား၊ အိမ်လား
အင်းလား၊ အိုင်လား
မီးလား၊ ရီလား
လောင်းလား၊ သမ္ဗန်လား
ခြီထောက်လား၊ မျက်နှာလား

ဆိုပြီးကေ တွိရပါရေ။ တခါက အထက်ကဖော်ပြရေ ကွက်လပ်အစုံကို ရှိနောက်ပြန်ကြည့်ကေ -

( ခ )
ကြောင်လာ၊ ဦးလား
ရွာလာ၊ မြို့ လား
အိမ်လာ၊ အင်းလား
ရီလာ၊ မီးလား
သမ္ဗန်လာ၊ လောင်းလား
မျက်နှာလာ၊ ခြီထောက်လား
ဆိုပြီးတွိရပါရေ။
အေမှာပြောစရာဟိစွာကတော့ " ... လာ " လို့ အမီးဝါကျကိုသုံးစွာ မြောက်ပိုင်းရခိုင်တိမှာရာ တွိရပါရေ။ တောင်ပိုင်းရက္ခိုင်ဘာသာစကားမှာတော့ခါ ပုံစံ ( က ) ကွက်လပ်စုံကိုရာ တွိရပါရေ။ ပုံစံ ( ၂ ) ကွက်လပ်စုံကိုမတွိရပါ။

ကြိယာ

ကြိယာဆိုစွာ ရခိုင့်သဒ္ဒါစကားလုံးအမျိုးအစား ( ၃ ) မျိုးအနက် တခုဖြစ်ပါရေ။ ကြိယာကို နာမ်နန့်ယှဉ်လို့ ဝါကျတည်ဆောက်မှုမှာ အသုံးခံရမှုကို အခြီခံပျာ သတ်မှတ်ပါရေ။

ရခိုင်စကားဟိ ကြိယာကိုသတ်မှတ်စီးစစ်တေအခါ ပုံစံကွက်တိကိုသုံးပနာ စမ်းသပ်နိုင်ပါရေ။ အသုံးပြုရေကွက်လပ်မှာ " ... လာ၊ ... လား " ဖြစ်ပါရေ။ အစမ်းသပ်ခံစကားရေ ယင်းကွက်လပ်မှာဝင်ရောက်ဖြစ်တည်နိုင်လို့ ဖြစ်လာရေစကားလုံး၊ အစီအစိုင်ကျရေ အမီးဝါကျ၊ အစမ်းသပ်ခံစကားလုံးကို ကြိယာလို့သတ်မှတ်နိုင်ပါရေ။

ရခိုင်စကား -

( က ) " စား၊ လား၊ ကြည့်၊ မြင်၊ စီး၊ နင်း "
( ခ ) " ချက်၊ ပြုတ်၊ တိုက်၊ ချွတ်၊ သတ်၊ ပုတ် "
( ဂ ) " သနား၊ ကြင်နာ၊ စော်ကား၊ ပုတ်ခတ် "

တိကို တွိနိုင်ပါရေ။

ကြိယာနောက်က အမီးဝါကျဝိဘတ် (လာ) ကိုသုံးရေပိုင်၊ (လား) ကိုလည်း သုံးစွာကိုတွိရပါရေ။

( က ) စားလာ၊ လားလာ၊ ကြည့်လာ၊ မြင်လာ၊ စီးလာ၊ နင်းလာ
( ခ ) ချက်လာ ၊ ပြုတ်လာ၊ တိုက်လာ၊ ချွတ်လာ၊ သတ်လာ၊ ပုတ်လာ။
( ဂ ) သနားလာ၊ ကြင်နာလာ၊ စော်ကားလာ၊ ပုတ်ခတ်လာ။

ဖော်ပြပါအမီးဝါကျမှာ (လာ) ရေ ကြိယာနောက်ဆက်ကျနီစွာကို တွိရပါဖို့။

အမှတ် ( က ) ကိုကြည့်ပါ။

(စားရေ၊ လားရေ၊ ကြည့်ရေ၊ မြင်ရေ) လို့ တွိရပါရေ။ ယင်းနောက်က အမီးဝါကျဝိဘတ် (လာ) ကို ထည့်ရေအခါ ကြိယာနောက်ဆက် (ရေ) ပျောက်လားပါရေ။

ထိုနည်းပါပျာ၊ အမှတ် ( ခ ) မှာ (ချက်၊ ပြုတ်၊ တိုက်၊ ချွတ်၊ သတ်၊ ပုတ်) နောက်က အမီးဝါကျဝိဘတ် (လာ) ကိုထည့်ရေအခါ ကြိယာနောက်ဆက် (တေ) ပျောက်လားပါရေ။

အမှတ် ( ဂ ) (သနားရေ၊ ကြင်နာရေ၊ စော်ကားရေ၊ ပုတ်ခတ်တေ) ဆိုပြီးကေ ကြိယာနောက်ဆက် (ရေ၊ တေ) ပျောက်နီစွာကို တွိရပါရေ။

အကယ်၍ရာ ကြိယာနောက်ဆက်မကျပျောက်ဘဲ အမီးဝါကျလုပ်ကေ (လာ) ဆိုရေအမီးဝါကျဝိဘတ်အစား (လား) ဆိုပြီးကေ ပြောင်းသုံးပါရေ။ ဥပမာ -

အမှတ်စဉ် ( က )

(စားလာ) အစား (စားရေလား)
(လားလာ) အစား (လားရေလား)
(ကြည့်လာ) အစား (ကြည့်ရေလား)
(မြင်လာ) အစား (မြင်ရေလား)
(စီးလာ) အစား (စီးရေလား)
(နင်းလာ) အစား (နင်းရေလား)

ဆိုပြီးကေ (လာ) ကနီ (လား) ကိုပြောင်းလားစွာ တွိရပါရေ။ အမှတ်စဉ် ( ခ ) မှာကျကေ ကြိယာနောက်ဆက် (တေ) က ကြိယာနောက်က ဝင်လာရေအခါ အမီးဝါကျဝိဘတ် (လာ) ကနီ (လား) ကိုပြောင်းလားပါရေ။

အမှတ်စဉ် ( ဂ ) မှာလည်း ၎င်းအတိုင်းပါရာ။ (ရေ) နန့်  (တေ) ဝင်လာကေ ကြိယာနောက်ဆက် (လာ) ကနီ (လား) ပြောင်လားစွာ တွိရပါရေ။ ကြိယာနောက်ဆက်ကိုမဖြုတ်ဘဲနန့် အမီးဝါကျလုပ်တေခါ အမီးဝါကျဝိဘတ်ရေ (လား) လို့ ပြောင်းလားရေသဘောဖြစ်ပါရေ။ (ရေ၊ တေ) ရို့ပိုင် (မေ၊ ဖို့) ကို ကြိယာနောက်ဆက်အဖြစ်သုံးနိုင်ပါရေ။ ယေနန့် ဖော်ပြပါ ( ... လာ၊ ... လား) ပုံစံကွက်လပ်မှာထည့်သွင်းလို့ ဝင်ရောက်ဖြစ်တည်နိုင်ကေ (ကြိယာ) လို့ သတ်မှတ်နိုင်ပါရေ။

ဝိဘတ်

ရက္ခိုင်သဒ္ဒါမှာ (ဝိဘတ်) ကို (နာမ်) နန့် (ကြိယာ) ပိုင် ဖွဲ့စည်းပုံအရ အမျိုးအစားခွဲပြီး လေ့လာဖို့မလိုလို့ ဆိုပါရေ။ ဇာတွက်လဲဆိုကေ (ဝိဘတ်) ဆိုစွာ ဧကဝဏ္ဏတိရာဖြစ်တေ။ ဝဏ္ဏတခုထက်ပိုကေလည်း (ဝိဘတ်) တိရာဖြစ်ကတ်တေ။ ဝိဘတ်တွဲအတွင်းဟိ ဝိဘတ်တိကို နီရာပြောင်းလို့ ရစွာလည်းဟိ၊ မရစွာလည်းဟိပါရေ။ ယေနန့် ဝိဘတ်ကို (နာမ်၊ ကြိယာ) တိပိုင် ဖွဲ့စည်းပုံအရလေ့လာလို့မရကောင်းဆိုစွာ ဖြစ်ပါရေ။ ရခိုင်စကားမှာ (နာမ်) နန့် (ကြိယာ) မှအပ ကျန်စကားလုံးတိနန့် (ရှိဆက်၊ ကြားဆက်၊ နောက်ဆက်) တိကို (ဝိဘတ်) လို့ သတ်မှတ်နိုင်ပါရေ။

(ဝိဘတ်) ဆိုစွာ သဒ္ဒါအနီနန့် အခြား (နာမ်၊ ကြိယာ) တိကို ကူပံ့ပီးရရေ စကားလုံးအမျိုးအစားရာဖြစ်တေ။ (နာမ်) နန့် (ကြိယာ) ပိုင် အပွင့်စကားလုံးမဟုတ်၊ အပိတ်စကားလုံးအမျိုးအစားတိဖြစ်တေ။ အရွီအတွက်ပုံသီကားကျဖြစ်တေ။ ယေနန့် (နာမ်၊ ကြိယာ) ရို့၏ အရွီအတွက်ထက် နည်းရေ။ ရခိုင်စကားမှာ (ဝိဘတ်) အမျိုးအစားက အကန့်အသတ်နန့်ရာဟိစွာ တွိရရေ။ ယေနန့် (ဝိဘတ်) တခုချင်းကို သဒ္ဒါတာဝန်တခုစီနန့် သတ်မှတ်လို့မရ။ ဝိဘတ်တခုမှာ သဒ္ဒါတာဝန်တခုထက်ပိုပြီး ဟိနိုင်ပါရေ။ ယေနန့် ရခိုင်စကားမှာ (ဝိဘတ်) ကို သတ်မှတ်ရဖို့ဆိုကေ -

(ဝိဘတ်) ဆိုစွာ (နာမ်) ကိုဖြစ်စီ၊ (ကြိယာ) ကိုဖြစ်စီ သဒ္ဒါအရဆက်စပ်မှုမဟိဘဲ မိမိဘာသာသီးခြား လွတ်လပ်စွာမရပ်တည်နိုင်ရေ စကားလုံးအမျိုးအစားရာဖြစ်တေ၊ တနည်းပုဒ်ဖွဲ့ရာမှာဖြစ်စီ၊ ပုဒ်တိကိုပေါင်းစပ်လို့ ဝါကျဖွဲ့ရာမှာဖြစ်စီ သဒ္ဒါတာဝန်အရ ပါဝင်အသုံးခံရရေ စကားလုံးအမျိုးအစားရာဖြစ်တေဆိုပြီး သတ်မှတ်နိုင်ပါရေ။

ပုံစံပြရဇို့ဆိုကေ ရခိုင်စကားဟိ (နန့်၊ လို့၊ က၊ ကို၊ ရေ၊ တေ၊ မေ၊ ကြောင့်၊ စွာ၊ မှာ) အစဟိရေစကားလုံးတိရေ (ဝိဘတ်) တိဖြစ်ကတ်တေ။ အေ (ဝိဘတ်) တိကို သဒ္ဒါတာဝန်အရခွဲကေ (ဝါကျဖွဲ့ရာမှာဖြစ်စီ၊ ပုဒ်ဖွဲ့ရာမှာဖြစ်စီ၊ ဆက်စပ်ပီးရရေ စကားလုံးတိ) လို့ သတ်မှတ်နိုင်ပါရေ။

ယင်း (ဝိဘတ်) နန့်အတူ (ဝိဘတ်) လို့သတ်မှတ်ထားရေ (ရှိဆက်၊ ကြားဆက်၊ နောက်ဆက်) တိကို စကားလုံးပွါးယူရာမှာ အဓိကအသုံးပြုရေ (ဝိဘတ်ကွဲ) များဖြစ်တေလို့ ယူမေဆိုကေ ယူနိုင်ပါရေ။

အသင်နှလုံးသွင်းပြီး လိုစွာဖြည့်၊ ပိုစွာဖြုတ်ကတ်ပါလို့။

ချမ်းမြိပါစီ ... ။

(အသျှင်ဇယန္တဗောဓိ)

ဝန်ခံချက်
မောင်ကိုလေး ( မဟာဝိဇ္ဇာ ) ၏ မြန်မာသဒ္ဒါ ( ဘာသာဗေဒလေ့လာချက် ) ပါရဂူဘွဲ့အတွက် တင်သွင်ရေကျမ်း ၂၀၀၃၊ မတ်လကို အမှီပြုပါရေ။

“ရှိ” ကတ်ဖို့လား၊ “ယှိ” ကတ်ဖို့လား၊ “ဟိ” ကတ်ဖို့လား

ရခိုင်ပိုင်စာရွီးကေ “ဟိ” နန့် ကင်းလွတ်လို့ မရ။ “ချဇားရှီမှာ ဒင်္ဂါးငါးပြား ဟိသည်”၊ “သဇင်ဖြူ”မှာ “အင်္ကျီတစ်ထည် ဟိသည်”။ “မြတ်သာထွန်း အခန်းထဲမှာဟိသည်”။ “ဒေနိစားမီးပွဲဟိ သည်”။ “မောင်သာဘန်း ရန်ကုန်လားဖို့ဟိသည်”။ “သက်ဟိလူသား” “လက်ဟိအနီအထား” အစဟိရေ “ဟိ” အသုံးတိက ကောင်းဟိပါရေ။ အနက်က ပိုင်ဆိုင်ခြင်း တည်ဟိခြင်းကို ပီးပါရေ။

“ဟိ” အသုံးကို ရှိခေတ်ရခိုင်ကျောက်စာတိမှာ ပီပီပြင်ပြင် တွိရပါရေ။ ရခိုင်ကျောက်စာအားလုံး “ဟိ” ကိုရာသုံးကတ်တေ။ “ဟိ” အသုံးတွိရရေ ကျောက်စာတချို့ကို ဥပမာအဖြစ် ဖော်ပြပါမေ။

၁။ တပည်သာသိရိကဿဖသည် လုပ်အံ့သည်ဥစွာ ဟိလျှက် (မင်းထီးကျောက်စာ၊ သကြစ် ၆၅၇) ၂။ သာသနာငါထောင်စိအောင် ဟိစိသော (ဝေသာလီ ရွှေတောင်စေတီကျောက်စာ၊ သကြစ် ၈၈၁) ၃။ ပိုင်ရိုဝ် မဟိဟူ၍ ဆိုဝ်လတ်သှ် (မဟာဝိနိယ်ဓိုင်ကျောက်စာ၊ သကြစ် ၉၀၅) ၄။ လွန်လီပြီသောခါစောမွန်အစ ဟိသော (ကလုံတောင်ဘုရားကျောက်စာ၊ ပထမမျက်နှာ၊ သကြစ် ၉၄၇) ၅။ ၀ါးခုနစ်ဆေ ဟိရာအနက်တွင် ဆြာတော် (ကုလားတန်းစားကျောက်စာ၊ သကြစ် ၁၀၇၀) အခုခေတ် ရခိုင်ကျွန်းရွာတိမှာလည်း “ဟိ” ကို ပီပီပြင်ပြင် သုံးကတ်တုန်းသိမ့်။ ရမ်းဗြဲလီသံမှာလည်း တွိရရေ။ မြောက်ဦးလီသံမှာလည်း တွိရရေ။ အပြောဘာသာစကား မှာ “ဟိ” ကို “ဟိန့်” လို့ အသံထွက်စွာ တွိရပါရေ။

ဒေသအလိုက်အသံအယင့်၊ အယူကွဲစွာပါရာ။ မူလရုပ်ရင်းက “ဟိ” ကို ပြောစွာရာဖြစ်တေ။

ရခိုင်အသုံး “ဟိ”

(HIAE) ကို ဒေနိမြန်မာစာ၊ မြန်မာစကားမှာ “ရှိ” လို့သုံးစွာကို တွိရပါရေ။ ပုဂံခေတ် မြန်မာကျောက်စာတိမှာကတော့ “ဟိ” အသုံးရာ တွိရရေ။ ပုဂံသားတိ ပြောစကားမှာလည်း “ဟိ” ရာ ဟိလီဖို့။ ဒေနိရခိုင်ဒေသ မြို့ကြီးတိက မြို့ကြီးသားတိပါးစမှာ၊ အရွီးအသားတိမှာ “ရှိ” ကို တွိနီရပါရေ။ ရခိုင်ကျွန်းကစကား “ဟိ” ကို “ရှိ” လို့ ပြောနီကတ်စွာပါ။ “ရှိ” ကို ရခိုင်ကျွန်းစကားစစ်စစ်နန့် အသံထွက်ကေ “RHIAE” လို့ရာ ထွက်ရဖို့။ “ဟိ” ကို ကျကေ (HIAE) လို့ထွက်ရဖို့။ ( ဒေပိုင်အင်္ဂလိပ်အက္ခရာနန့် အသံထွက်ပြစွာကို Transliteration လို့ခေါ်ပါရေ။ Phonetic Symbol နန့် မတူပါသိမ့်။

Phonetic Symbol က ပညာသျှင်တိရာ နားလည်နိုင်ရေ။ အရပ်သား အင်္ဂလိပ်က Transliteration နန့်ပြကေ နားလည်နိုင်ရေ။ အင်ဒိုနီးသျှားဘာသာစကားကိုလည်း ဒေပိုင်ရွီးစာ တွိရပါရေ) “ရှိ” ကို မြို့ကြီးသားရခိုင်တိအသံနန့် ဆိုကေ “SHI ” လို့ ထွက်စွာတွိရပါရေ။ ရခိုင်ကျွန်းရွာတိစွာ ရခိုင်လူဦးရွီ၏ (၉၀) ရခိုင်နှုန်းလောက် နီထိုင်ကတ်တေ နီရာပါ။ ရခိုင်သားအများစုက ကျွန်းမှာပါ။ ယေနန့် ရခိုင်ကျွန်းရွာတိမှာပြောကတ်တေ ရခိုင်အသံထွက်ရာ အမှန်ဖြစ်ရပါဖို့။ ရခိုင်ကျွန်းရွာ အပြောစကားမှာ “ဟိ” လည်းဟိရေ။ “ရှိ” လည်း ဟိပါရေ။

၁။ နီ အရှိဘက်ကထွက်တေ။
၂။ ရဖြီးချပ်တောင်စွာ စစ်တွေ၏အရှိဘက်မှာ ဟိရေ။
၃။ မင်းရို့နှစ်ယောက် အရပ်အရှိရှိကာဝေ။
၎။ ဒေ၀ါးနှစ်ပိုင်းအရှိရှိပျာယ်။
၅။ ဆန်ကို သိုက်ဒုံနန့် ရှိရှိခြင်ခ။
၆။ ဒေနိမိုးထက် ထမင်းအရှိရှိရာကျရေ။
၇။ ရှိကိုနောက်ကို ကြည့်လို့လား။
၈။ ရှိအနာဂါတ်ကို မျှော်ကြည့်ရဖို့။
၉။ ရှိနီစောမောင်လာပျာယ်။
၁၀။ အချေတိ ရှိခိုးနီကတ်တေ။
ဒေ၀ါကျတိကိုကြည့်ကေ “ရှိ” ၏အနက်စွာ
(က) အရှိဘက်
(ခ) အရပ်အနိမ့်အမြင့် တူညီခြင်း
(ဂ) အပြည့်ဟိခြင်း
(ဃ) အပိုအလိုမဟိဖြစ်ခြင်း
(င) နောင်ဖြစ်လာဖို့ကိစ္စကို ဆိုလိုခြင်းအစဟိရေ အနက်တိထွက်စွာ တွိရရေ။ ယေနန့်
“ချဇားရှီမှာ ဒင်္ဂါးငါးပြား ရှိ သည် ။
“မြတ်သာထွန်း အခန်းထဲမှာ ရှိ သည် ။
“ဒေနိ စာမီးပွဲ ရှိသည် ။
“မောင်သာဘန်း ရန်ကုန်လားဖို့ ရှိ သည်။
“သက် ရှိ လူသား ”
“လက် ရှိ အနီအထား”
အစဟိရေ အသုံးအနှုန်းတိစွာ ရခိုင်သဒ္ဒါနန့်ကြည့်ကေ မှားယွင်းနီစွာ တွိရပါရေ။ “ဟိ” ကိုရာသုံးကတ်ရပါဖို့။

ရခိုင်မြို့ကြီးသားတချို့က “ရှိ” အသုံးမှားနီစွာကို တွိလားကတ်တေခါ နောက်ကိုတလှမ်းမဆုတ်ချင်လို့ “ယှိ”
(SHI) ဆိုပြီးပျင်လို့ ရွီးလာစွာတွိရပြန်ရေ။ ဒေနိ မြို့မှာသုံးရေ စကားသံနန့် ကိုက်ကေလည်း ရခိုင်အများစုဖြစ်တေ ကျွန်းစကားနန့်က မကိုက်။ ရုပ်ရင်းရို့၊ သဒ္ဒါရို့၊ အဘိဓာန်ရို့နန့်လည်း မကိုက်။ ယေနန့် မြို့ကြီးသားရခိုင်တိ ကျွန်းကရခိုင်တိနန့် တသားတည်းကျအောင် နောက်ကိုတလှမ်း ဆုတ်ကတ်ရဖို့ မြင်မိပါရေ။ ပြောရေခါ “ရှိ” (SHI) နန့် “ယှိ” (YHI ) ကိုဖျက်ပြီး “ဟိ” (HIAE) လို့ ပြန်ပျင်ပြောကတ်ပါမေ။ ရွီးရေခါလည်း “ရှိ” နန့် “ယှိ” ကိုဖျက်ပြီး “ဟိ” လို့ ပျင်ရွီးကတ်ကေ ရခိုင်အရွီးအသား တည်ငြိမ်လာပါဖို့။ နောက်ကို တလှမ်းဆုတ်သင့်စွာမှာ ဆုတ်ရပါဖို့။ မဟုတ်ကေ ရခိုင်စကားပျောက်လားဖို့ရာ ဟိပျာယ်။ ရခိုင်ဘာသာ အရွီးအသားကိစ္စကို လူအားနန့်လည်း ပျင်လို့မရ။ ဖေသာအားနန့်လည်း ပျင်လို့မနိုင်။ ပညာနန့်ရာ ပျင်ရဖို့။ ရခိုင်သဒ္ဒါသဘောကို စိစိကိုက်ကိုက် လေ့လာပြီးကေ၊ ပြည်သူအများပြောစကားနန့် ညှိယူလိုက်ကေ ရခိုင်အရွီးအသား တည်ငြိမ်လာဖို့ သေချာပါရေ။

(အသျှင်သူရိယ)

အကိုးအကား
(ရှိဟောင်းရခိုင်ကျောက်စာများ- ဦးဦးသာထွန်း)
အောင်တံခွန် ၀ံသရက္ခိတမဂ္ဂင်း အတွဲ(၂) အမှတ် (၁) မှ ကူးယူဖော်ပြသည်။

မူရင်း - http://arakanliterature.webs.com/arakanliterature.html