Pages

ရခိုင်စာနန့်ပက်သက်လို့

Wednesday 27 February 2013

ရခိုင်သား အကောင်းစားနန့်မတန်လား

ရခိုင်သား အကောင်းစားနန့်မတန်လား
--------------------
ရခိုင်လူမျိုးတွင် ကိုယ်ပိုင်စာပီဟိပါသည်။ ကိုယ်ပိုင်ယဉ်ကျေးမှု ဟိပါသည်။ယေဒါလေ့
အေဂုလက်ဟိ ရခိုင်အနုပညာအောက်က အခြီအနီကိုဆိချေလောက် ဝီဖန်ချင်ပါသည်။
စာပီ ယဉ်ကျေးမှုဆိုင်ရေ ကဗျာ၊ဝတ္ထု နန့် တေးခြင်း တိကိုပါ။
ကဗျာ၊ဝတ္ထုများမှာ လူတိုင်းစိတ်ဝင်းစားမှုကို မရဟိနိုင်ကေလေ့ တေးခြင်းရို့မှာ
လူတိုင်းစိတ်ဝင်းစားမှုကို ပိုရနိုင် ခံစားနိုင်ကတ်ပါသည်။
*တေးခြင်း
----------
ရခိုင်တေးခြင်းခွေတစ်ခွေထွက်လာတိုင်းထွက်လာတိုင်း ရခိုင်သားအိမ် (၁၀၀)မှာ အိမ်(၅၀)လောက်က
မာစတာခွေ Original ခွေကိုဝယ်ကတ်ပါသည်။ကျန်ရေ အိမ်(၅၀)က Copy ခွေဝယ်လို့နားထောင်ကတ်ခြင်းတော့မဟုတ်ပါ။
ဆင်းရဲလို့မဝယ်နိုင်ကတ်လို့ရာဖြစ်ပါသည်။သူရို့တိလေ့ ကောင်းအားပီးချင်ဝယ်ချင်ကတ်ပါသည်။
သို့ရာတွင် ရခိုင်တေးခြင်းခွေများမှာ ပေါ့ပျက်ပျက်ဖြစ်လာသည်။ရခိုင်သားဗမာခွေထွက်စွာလောက်ကို အဆင့်မမှီတေးခြင်းတိများပါလတ်ပါရေ။
(အဓိက အာရုံစူးစိုက်အားထုတ်မှုမပါဘဲ အပေါစားဖန်တီးထားမှုများ တဆတ်ဆတ်များပါလတ်ပါသည်။)ယေဇူးနန့် ရခိုင်သားရို့တွင်
ရခိုင်တေးခြင်းအကောင်းစားကို နားထောင်ဖို့၊ခံစားနိုင်ဖို့၊ဂုဏ်ယူနိုင်ဖို့ အခွင့်အရီးမဟိပါလား။
ရခိုင်သားရေ အကောင်းစားနန့် မတန်လို့ပါလား တသျှင်ကြီးရို့။
ရခိုင်သားချေ ရခိုင်သမချေရို့မှာ Mp3,Mp4,Phone,Phone မှာ Ringtones ရို့မှာ ဆရာရို့သီဆိုရေ ရခိုင်တေးခြင်းတိကို
ဂုဏ်ယူမက်မောစွာ မထည့်သွင်းကတ်လို့ပါလား။ရခိုင်ပြည် လက္ဘရည်ဆိုင်ရို့မှာ အိမ်ရို့မှာ ဆရာရို့တေးခြင်းတိကို ဂုဏ်ယူမက်မောစွာနားမထောင်ကတ်လို့ပါလား။
ရခိုင်သူမချေ အိမ်ရှိမှာ ဂီတာတီးရေခါဆရာရို့ တေးခြင်းတိကို မဆိုကတ် မတီးကတ်လို့ပါလား။
အမျိုးချစ်စိတ်ကြောင့် ရခိုင်သူ၊ရခိုင်သား ရခိုင်ခွေကိုဝယ်ကေ မာစတာခွေကိုရာဝယ်ပါသည်။
ယင်းစိတ်အခံကိုနင်းပြီးကေ ဆရာရို့၏အားစိုက်ထိုက်မှု မပါရေ အပေါစား အနုပညာအထည်ရို့နန့် ဖိမသတ်ဖို့ကို တောင်းပန်ပါယင့်ဆရာရို့လေ။

ကဗျာ၊ဝတ္တု
-------------
ဆရာရို့၏ ကဗျာ၊ဝတ္တုရို့ကို မဂ္ဂဇိန်းရို့တွင်ဖတ်ရသည်က ဆရာရို့ကဗျာ၊ဝတ္တုရို့ကို ကလောင်ခွဲဗျာယ်ဖြစ်ဖြစ် ၊ မခွဲဘဲနန့်ဖြစ်ဖြစ် ဗမာမဂ္ဂဇိန်းရို့မှာ
ပါရေ ကဗျာ၊ဝတ္တု ရို့လောက်မကောင်းစွာက ရခိုင်မဂ္ဂဇိန်းတိ အဆင့်မမှီလို့ပါလား။
ရခိုင်သားချေ ရခိုင်သမချေရို့ ကဗျာကို ခံစားဖို့ ရွတ်ဖို့ အဆင့်မမှီလို့ပါလား။
အထူးသဖြင့် ကဗျာကောင်းကေ ဗမာမဂ္ဂဇိန်းပါးကို ပို့ပစ်စွာတိကို အကျွန်အနီနန့်လည်းကြားသိနီရပါသည်။
ဆရာရို့ကလောင်ကြီးချင်လို့ပါလား။ ရခိုင်စာပီးကို မြှင့်တင်ကတ်ဖို့ ဝတ္တရားတိကိုပုတ်ချပြီးကေ နင်းပင်နင်းသတ် သတ်နီစွာပိုင်ဖြစ်တေ
အာရုံစူးစိုက်အားထုတ်မှုမပါဘဲ အပေါစားဖန်တီးထားမှုများနန့် ရလာရေ ကဗျာ၊ဝတ္တုရို့ကို ရခိုင် မဂ္ဂဇိန်း၊စာစောင်များပါးသို့ ဝေးထည့်နီခြင်းမျိုးကို
ယှောင်ကွင်းရပ်တန့်ပြီးကေ ရခိုင်စာပီကို ရခိုင်သားချေတိ မြတ်နိုးစီဖို့ ကိုတောင်းပန်ပါယင့်။
-ရခိုင်အနုပညာကို ဖန်တီးကတ်သော ရခိုင်အနုပညာသျှင်ရို့ကို အထူးလေးစားလျက်။
မှတ်ချက်။ ။အေဝီဖန်ရီး ချေသည် ပုဂ္ဂိုလ်ရီး တိုက်ခိုက်ခြင်းမဟုတ်ဘဲ စေတနာအမှန်နန့်ရာ ဝီဖန်တင်ဆက်မှုတစ်ခုရာဖြစ်ပါသည်။





No comments: