Pages

ရခိုင်စာနန့်ပက်သက်လို့

Thursday 19 July 2012

ရခိုင်သံစဉ်နှင့် အသံကူးပြောင်းပုံ (သျှင်အုန်း)

ရခိုင်ရိုးမ အနောက်ဘက် ကမ်းခြေသည် ပင်လယ်လှိုင်းသံ၊ တော တောင်ရိုးမှ ပဲ့တင် ရိုက်ခတ်သံ၊ မိုးရေချိန်
လက်မနှစ်ရာ ရွာသွန်းသော ရာသီဥတု၊ နှစ်စဉ်မိုးရာသီနှင့် မိုးနှောင်း ရာသီတို့တွင် အနိမ့်ဆုံး လေတိုက်နှုန်း မိုင်ခြောက်ဆယ်စသော ပထ၀ီအနေအထား ရာသီဥ တုများတည်ဟိပါရေ။

ဤဒေသတွင် နီထိုင်ကြသော လူမျိုးယ ဘာသာစကားတည်မှီရာ မူလအသံသည်လည်း ယင်းလူမျိုးရို့ နီထိုင် ရာ ရီ ၊မြီ၊ တော၊တောင်၊ ပတ်ဝန်းကျင်ရို့ကပင် ထောက်ကူလိမ့်မည်ဟု ယူသော်ရကောင်းပါယင့်။

ရခိုင်လူမျိုးများ စကားပြောဆိုရာ၌ များသောအားဖြင့် တိုးတိုးထက်ကျယ်ကျယ်ပြောဆို ရတတ်သည်ကို တွိရ ပါရေ။ ဤသို့ ကျယ် ကျယ်ပြောတတ်သောအလေ့အလာသည် ပထ၀ီအနီအထားနှင့် ရာသီဥတုကြောင့် ဖြစ် ပေါ်လာနိုင်ပါရေ။မိုးကြီးထန်ပြင်းစွာ ရွာချနီသောအချိန်၊ ဆင်ခေါင်းလီပြင်းပြင်း တိုက်ခိုက်နီသောအချိန်၊ မုတ် သုံ လှိုင်းကြီးအားအင်ဖြင့်ဆောင့်တက်နီသောအချိန်ရို့တွင် တစ်ဦးနှင့်တစ်ဦး စကားပြောဆိုကြရာ စကားလုံး များ ပြတ်သားကြည်လင်စွာ ကြားရအောင်အော်ဟစ် ပြောဆိုကြရပါရေ။ ဤနီရာမှာ ခြွင်းချက် တစ်ခုပြောဆို ရလျှင် ပင်လယ်ကမ်းရိုးတန်း၌ နီထိုင်သူများနှင့် ပင်လယ်ကမ်းခြီမှ အလှမ်းကွာသော ကုန်းပြင် မြီပြန့် တောင် ခြီ တောစပ်နီးသူများကား အသံအတိုးအကျယ် အလေ့အလာ တူညီမည်မထင်ပါ။

ဤသဘာဝကို စနစ်တကျ သုတေသနလုပ်၍ မတင်ပြနိုင်သည့်အချိန်မှာ အခိုင်အမာဆိုရန်ကား ခက်ပါသိ ရေ။ သို့သော်လည်း ရခိုင်လူမျိုးရို့ ပြောဆိုစကားကို လေ့လာကြည့်လျှင် လေးဆယ့်နှစ်မျိုးသော သံစဉ်ကာ ရန်ကို တွိရပါရေ။ ယင်းမှာ-

အ၊             အာ၊              အား၊              အိ၊               အီ၊            အီး

အု၊             အူ၊                အူး၊               အေ့၊            အေ၊           အေး

အော့၊         အော်၊            အော၊             အန့်၊            အန်၊           အန်း

အို့၊             အို၊               အိုး၊               အင့်၊             အင်၊           အင်း

အိုင့်၊           အိုင်၊             အိုင်း၊            အိမ့်၊              အိမ်၊            အိမ်း

အုန့်၊           အုန်၊             အုန်း၊            အောင့်၊          အောင်၊         အောင်း

အက်၊         အိုက်(စ်)၊        အောက်၊        အိတ်၊            အတ်၊            အုတ်

ဤ(၄၂) မျိုး သံစဉ်တွဲမှာ ဟထိုး၊၀ဆွဲ၊ ယပင့်၊ရရစ်ရို့သည် တူညီသော ကာရန်စဲဇဉ် ယူထားသည်ကို တွိရပါ ရေ။ ဥပမာ ကွတ်၊ ၀တ်၊ ကျွတ်၊ စပ်၊ တောင်းမှာ အကွတ် လူအ၀တ်နှင့် တင့်အပ်ရုပ်အဆင်း။

ဝဒင်းကြက်ဝတ်၊ ဥကကျွတ်
မျိုးဇာတ် မပီပြင်။
အတင်းပီးစပ်၊
စိတ်မ၀ပ်ကေ၊
နောက်စပ်သားမခင်။

ကွတ်ဆိုသော အသံထွက်မှာ "က" အက္ခရာထဲမှ "အ" သရခွင်း၍ "၀" ကို အသံပြည့်ယူပြီး တ၀မ်းပူထဲမှ "အ" သရကို သတ်ထားသော အသံဖြစ်ပါရေ။


ပြယုဂ် 

က်-၀-တ်=ကွတ် ဖြစ်ပါရေ၊ တခြား ထိုး၊ဆွဲ၊ပင့်၊ရစ်အသံတို့သည်လည်းသံစဉ်(၄၂)မျိုးထဲတွင် ပါဝင်နီ၍ မဖော် လိုက်ပါဗျာလ်။

သံစဉ် (၄၂) မျိုး ထဲတွင် သက်အောင့်သရ (၀ါ) သံရပ်သရ (Glottral Stop) ဟုဆိုသော ခြောက်လုံးသော စ
ကားသံကို တွိရပါသီးယင့်။

ယင်းမှာ-

အတ်၊ အိုက်(စ်)၊ အောက်၊ အိတ်၊ အပ်၊ အုတ်။ ဤသရများဖြင့်ဆိုထားသော မာသ်နာမ်ပုဒ် စကားလုံးများတွင် နောက်စပ် စကားလုံးများကို ထိခိုက်ခြင်းမဟိဘဲ ကြည်လင် ပြတ်သားစွာ အသံ ထွက်ကတ်ပါရေ။ ဥပမာ သ ရက် ၏အပင်ဆိုသော နာမ်ပုဒ်စကားလုံး (၂) လုံးကို "၏" ၀ိဘတ်ဖြုတ်ပြီး သမာသလုပ်ကာနာမ်တစ်ခုတည်း အဖြစ်ဆိုထားသော သရက်ပင်နှင့် အခြားသံရပ် သရဖြင့် ဆို ထားသော အပင်များကို ဖော်ပြလိုက်ပါရေ။ ဤ သစ်ပင်များကို နှုတ်ဖြင့်ရွတ်ဆိုသည့်အခါ အသံအားထုတ်ခြင်း မပြုရဘဲ "ပင်" သည် "ပင်"အတိုင်း ထွက်လာ သော စကားလုံးကို ကြည့်ခြင်းအားဖြင့် သိသာနိုင်ပါရေ။

သံရပ်သရဖြင့် ဆိုထားသော သမာသ်နာမ်ပုဒ်များ 

သရက်-အပင်=သရက်ပင်
ဝရစ်ပင်
ကသစ်ပင်
ကျေးကတုတ်ပင်
ကဒက်ပင်
ပိတောက်ပင်
ရှက်ပင်
သတွတ်ပင်
ပုံနရိပ်ပင်
ကြက်တက်ပင်
ပရုပ်ပင်
ခဒေါက်ပင်
သနပ်ပင်
စလပ်ပင်
လက်ထုပ်ပင်
ရှောက်ပင်
ဧကရာဇ်ပင်...

ဤဖော်ပြသော သစ်ပင်များသည် ရှေ့ကသံရပ်သရနှင့် အပေါင်းခံရ၍ အသံကူးဆက်ခြင်း မခံရဘဲအသံပက တိအတိုင်း တည်ဟိနီခြင်းကို တွိရပါရေ။ သံရပ်သရမှလွဲ၍ သံပြေး၊ သံပြင်း၊ သံပေါ့ စသော အသံရို့ဖြင့်ပေါင်း စပ်ထားသော စကားလုံးများမှာကား နောက်နားက ပေါင်းထားသော စကားလုံးသို့ အသံကူးဆက်ကာ မူလ အသံပျက်လာသည်ကို တွိရပါရေ။

အသံကူးဆက်သံပြောင်းစကားလုံးများ 

မှင်ကျိုးဗင်

ကုက္ကိုဗင်

ညောင်ဗင်

သ၀င်ဗင်

ဗန်းဖွိ့ဗင်

နရွဲးဗင်စသည်ရို့ဖြစ်၏။ မှင်းကျိုးပင်ကို "ဗင်"ဟူ၍ အသံပြောင်းခြင်းမှာ ရှေ့ကခံနီသောစကားလုံးများ သံရပ် သရ မဟုတ်သောကြောင့် ဖြစ်ပါရေ။ သစ်ပင်နာမ်ပုဒ်များသာမဟုတ်၊ တခြားသမာသိ နာမ်ပုဒ်များကိုလည်း ဤအတိုင်း တွိရပါလိမ့်မည်။ လက်ကွင်း၊ စက်ကွင်း၊ ချက်ကွင်း၊ မျက်ကွင်း ဆိုသော သံရပ် သရဖြစ်၍ ကွင်း၊ တွင်း စကားလုံးများကို ပီပီသသ အသံထွက်လာပါရေ။ နောက်-သရီဂွင်း၊ ကြိမ်ဂွင်း၊ စကားလုံးများမှာ ရှေ့ခံ စကားလုံး သံရပ်သရ မဟုတ်သောကြောင့် ကွင်းသည် ဂွင်းအဖြစ် အသံပြောင်း လာတတ်သည်ကိုတွိရပါရေ။

ဤသို့ ကူးပြောင်းတတ်သော သဘောကို ဆက်၍လေ့လာသောအခါ စကားလုံးမိသားစု (Word of Family) (၀ါ) အုပ်စုတူ အချင်းချင်းသာ ကူးပြောင်းတတ်သည်က တွိရပါရေ။ ယင်းမှာ ကမှဂ သို့ ကွင်းမှဒွင်းသို့၊ ထင်းမှ ဒင်း သို့ ( ဥတင်းဝဒင်း) စသည်တို့ ဖြစ်ပါရေ။ သံရပ်စကားလုံး အသံကူးပြောင်း စကားလုံးရို့သည် လူမျိုးတစ် မျိုး၏ ဘာသာ စကားတည်မှီရာ မူလအသံ သဘောရာဖြစ်ပါရေ။ အသံကူးဆက်၍သရပွားနှင့် ဗျည်းပွားအက္ခ ရာများ အကြောင်းကို ပါဏီနီ၏ သက္ကဋသဒ္ဒါနည်းမှ လေ့လာရသလောက် တစိချေ တင်ပြလိုပါရေ။

သက္ကဋဘာသာ၏ ၀ဏ္ဏမာလာ၌ ငါးဆယ့်နှစ်လုံးသော အက္ခရာဟိပါရေ။ ယင်း(၅၂) လုံးသော အက္ခရာထဲမှာ သရ၀ဏ္ဏက (၁၆) လုံး၊ဗျည်းဝဏ္ဏက (၃၆) လုံးဟိပါရေ။ သရ၀ဏ္ဏ (၁၆) လုံးသည် မူလကပင် (၁၆) လုံးဖြင့် တည်ဟိနီသည်မဟုတ်။ လိုအပ်သော သရများကို သုဒ္ဓသရ(၅)လုံးဖြစ်သော (အ၊ဣ၊ဥု၊ရီ၊လိ) ရို့မှ အသံကူး ဆက်၍ သရပွားအဖြစ် ယူထားသည်ကို တွိရပါသည်။(အ-အ- ပေါင်းအာ၊ ဣ-ဣ-ပေါင်း အီ၊ ဥု-ဥု-ပေါင်း ဥူ၊ ရီ-ရီ-ပေါင်း ရီ၊ အ-ဣ-အီ-ပေါင်း အေ၊ အာ-ဥု-ဥူ-ပေါင်း အိုး၊ အာ-အေ-အေ-ပေါင်း အေဲး၊ အာ-အို-အို-ပေါင်း အိုးဝ် ဟူသော အသရ၀ဏ္ဏများဖြစ်ပါရေ။ ဗျည်းဝဏ္ဏထဲတွင်လည်း သရချင်း ပေါင်းစပ်၍ ဗျည်းပွား အက္ခရာ များ ကိုလည်း တွိရပါသိရေ။ ယင်းမှာ ဣ-အီ-အ-ပေါင်း "ယ" အဖြစ် လည်းကောင်း၊ ရိ- ရီ - အ-ပေါင်း "ရ" အဖြစ် လည်းကောင်း၊ ဥု-ဥူ-အ-ပေါင်း"၀" အဖြစ်လည်းကောင်း၊ လိ - လီ -လီအ - ပေါင်း"လ"အဖြစ် လည်း ကောင်း စသည်ရို့ ဖြစ်ပါရေ။

သံယုတ္တအက္ခရာများစွာ ဟိပါသိယင့်၊ ဤဆောင်းပါးရှာရှည်လွန်းမည် စိတ်ထင်လို့ မဖော်ပြပါဗျာလ်။ သက္ကဋ အသံများကို ရခိုင် ဝေါဟာရဖြင့် ဖော်ပြရသည်မှာ မူလအသံထွက်ကိုမမှီ၍ ဘ၀င်မသန့်ဖြစ်ရပါရေ။ သဘော နည်းလမ်းလောက်ကို လေ့လာနိုင်ရန် တင် ပြလိုက်ပါယင့်။

သျှင်အုန်း 

ရခိုင်သုတ(ရခိုင်မဂ္ဂဇင်းပါ ဆောင်းပါးများ) စာအုပ်မှ ကူးယူဖော်ပြပါသည်။ 
မူရင်း- http://www.arakanfolks.com/2011/12/blog-post_718.html

No comments: